Sunday, May 17, 2020

မုံရွာမြို့ ထန်တောရပ်ကွက်မှာရှိတဲ့ Quarantineစင်တာမှာ စုံတွဲတစ်တွဲကို လက်ထပ်ပေး

Image may contain: one or more people, people sitting, people eating and food

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်တောရပ်ကွက်မှာရှိတဲ့ Quarantineစင်တာမှာ Quarantine(၂၁)ရက်ဝင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်က လက်ထပ်ပေးခဲ့တယ်လို့ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်းက ပြောပါတယ်။

Quarantineဝင်နေတဲ့ အမျိုးသမီးဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်က လာရောက်သူဖြစ်ပြီး သူ့ကို မုံရွာမြို့မှာလက်ထက်ဖို့ သတို့သားရဲ့ဖခင်ဖြစ်သူကခေါ်လာချိန် တိုင်းခြားနယ်ခြားက လာသူဖြစ်တာကြောင့် ၂၁ ရက် Quarantine အဖြစ် ထားရှိခဲ့တာဖြစ်ပါတယ်။
" မုံရွာရောက်ရင် စေ့စပ်ပွဲလုပ်ပြီး ပေးစားမလို့ ခေါ်လာတာ။ ဒါပေမယ့် မကွေးတိုင်းက တိုင်းကျော် ပြည်ကျော်ဆိုရင် Quarantine ချရတာကို၊ အဲ့ဒီမှာ သတို့သားအဖေရော သတိုးသမီးရော သတိုးသမီးအမရော အကုန်လုံးကို Quarantineချပစ်တာ၊ အဲ့တော့ Quarantine ကျတော့ လုပ်မရဘူး။ လုပ်မရတဲ့အခါကျတော့ ဒီနေ့ ရက်ကောင်းလို့ပါ လက်ထပ်စာချုပ်ချုပ်ပေးပါ အဆင်ပြေလားဆိုလို လက်ထပ်စာချုပ် ဒီနေ့ ချုပ်ပေးလိုက်တာ။ ဒါပေမယ့် သတိုးသားက Quarantineမဝင်ရတဲ့ အခါကျတော့ အတူနေလို့မရဘူး။ လက်ထပ်စာချုပ်ချုပ်တာပဲရှိတာပါ"လို့ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်းကပြောပါတယ်။
သတိုးသမီး၊သတိုးသမီးအုပ်ထိန်းသူနဲ့ သတိုးသားဖခင်တို့ဟာ မေလ ၇ ရက်နေ့က Quarantine စတင် ဝင်ရောက်နေတာဖြစ်ပြီး မေလ ၂၈ ရက်နေ့မှာတော့ Quarantineကနေ ထွက်ရမှာဖြစ်ပါတယ်။အဲ့ဒီ စင်တာမှာ Quarantine ဝင်ရောက်နေသူစုစုပေါင်း ၁၃ ဦး ရှိတယ်လို့ သိရပါတယ်။
Image may contain: one or more people, people sitting and outdoor
Image may contain: one or more people and people sitting
Ref-voiceofmyanmar #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment