Tuesday, May 5, 2020

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ကမ္ဘာ့ချန်ပီယံ တရုတ်ကစားသမား ကျန်ယူဘိုအား အနိုင်ရ

Image may contain: 1 person, text
Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတိသည် စတုတ္ထပွဲအဖြစ် ယနေ့ (မေ ၅ ရက်) ညနေပိုင်းက ကမ္ဘာ့ချန်ပီယံ တရုတ်ကစားသမား ကျန်ယူဘိုနှင့် ယှဉ်ပြိုင်ကစားရာ (၂၁-၁၆) ပွဲဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

ယခုပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသည့် ဘုန်းမြင့်ကျော်သည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲစတင်ကတည်းက ဦးဆောင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး (၁၃-၇) ပွဲဖြင့် အသာစီးကစားနိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်းပြန်အစတွင် ကျန်ယူဘိုက နိုင်ပွဲများဆက်တိုက်ရရှိပြီး (၁၄-၁၂) ပွဲအထိ ပြန်လိုက်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဘုန်းမြင့်ကျော်က အမှားအယွင်းမရှိခဲ့ဘဲ နိုင်ပွဲများပြန်လည်ရယူနိုင်ခဲ့ပြီး (၄)ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့သည်။
ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲတွင် (၄) ပွဲကစား (၄)ပွဲနိုင်၊ ရမှတ် (၂၄၀၀၀) ရရှိထားပြီး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပဉ္စမမြောက်ပွဲကို မေ (၁၅) ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Image may contain: 1 person
crd-elevenmediagroup #Myanmar_Online_News

>>zawgyi<<
မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ကမ္ဘာ့ချန်ပီယံ တရုတ်ကစားသမား ကျန်ယူဘိုအား အနိုင်ရ


Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတိသည် စတုတ္ထပွဲအဖြစ် ယနေ့ (မေ ၅ ရက်) ညနေပိုင်းက ကမ္ဘာ့ချန်ပီယံ တရုတ်ကစားသမား ကျန်ယူဘိုနှင့် ယှဉ်ပြိုင်ကစားရာ (၂၁-၁၆) ပွဲဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။
ယခုပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသည့် ဘုန်းမြင့်ကျော်သည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး နိုင်ပွဲဆက်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲစတင်ကတည်းက ဦးဆောင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး (၁၃-၇) ပွဲဖြင့် အသာစီးကစားနိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်းပြန်အစတွင် ကျန်ယူဘိုက နိုင်ပွဲများဆက်တိုက်ရရှိပြီး (၁၄-၁၂) ပွဲအထိ ပြန်လိုက်နိုင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် ဘုန်းမြင့်ကျော်က အမှားအယွင်းမရှိခဲ့ဘဲ နိုင်ပွဲများပြန်လည်ရယူနိုင်ခဲ့ပြီး (၄)ပွဲဆက် ပြန်လည်အနိုင်ရရှိခဲ့သည်။
ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲတွင် (၄) ပွဲကစား (၄)ပွဲနိုင်၊ ရမှတ် (၂၄၀၀၀) ရရှိထားပြီး ဒုတိယအဆင့်သို့ တက်ရောက်နိုင်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ပ ဉ္စမမြောက်ပွဲကို မေ (၁၅) ရက်တွင် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

crd-elevenmediagroup #Myanmar_Online_News

0 comments:

Post a Comment