Sunday, May 10, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့မှ တာဝန်ရှိသူများအားတွေ့ဆုံပြီး COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက် ပံ့ပေးအပ်

Image may contain: one or more people, people standing, wedding and indoor

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ)အဖွဲ့တို့မှ တာဝန်ရှိသူများအား ယနေ့နေ့လည်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွှေတြိဂံရိပ်သာ ဧည့် ခန်းမ ဆောင်၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကမ္ဘာပေါ်တွင် COVID-19 ရောဂါဖြစ်ပွားသူပေါင်း ၄ သန်းကျော်ရှိပြီဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဖြစ်ပွားသူ ပေါင်း ၁၈၀ ဦးရှိပြီဖြစ်ကြောင်း၊ အဆိုပါ ရောဂါသည် မမြင်ရ၊ မကြားရ၊ အနံ့ခံ မရနိုင်သောကြောင့် လူတိုင်းကိုယ်စီအသိစိတ်ဖြင့် သတိထားနေထိုင်ကြရမည်ဖြစ် ကြောင်း၊ မိုင်းလားဒေသတွင် ဆရာဝန်လိုအပ်ချက်ရှိသည်ဟုကြားသိရကြောင်း၊ အရပ်ဘက်ဆရာဝန်များ လုံလောက်မှု မရှိပါက တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ကိုယ်ခံအား ကောင်းမွန်မှုမရှိပါက ရောဂါကူး စက်နိုင်ခြေပိုမိုများပြားသောကြောင့် ကိုယ်ခံအားကောင်းမွန်ရေး အာဟာရပြည့်ဝအောင် စားသောက် ရမည်ဖြစ် ကြောင်း၊ ရောဂါထိန်းချုပ်နိုင်မှုမရှိသေးသဖြင့် ဒေသတွင်းအခြေခံထွက်ကုန်များထွက်ရှိအောင် အစုအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းမဟုတ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တတ်နိုင်သရွေ့လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း။
ပုံမှန်အားဖြင့် ဇွန်လတွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရမည်ဖြစ်ရာ အကယ်၍ ရောဂါဖြစ်ပွားမှု အ ခြေအနေအရ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိမည်ဆိုပါက ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်အကွာအဝေးဖြင့် ဆရာ၊ ဆရာမ တစ်ဦးလျင် ၁၀ ဦးနှုန်း လိုအပ်သည်များ သင်ကြား ပေးစေလိုကြောင်း၊ မြန်မာစာ၊ မြန်မာစကားနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများကို သင်ကြားပေး နိုင်ကြောင်း၊ နယ်စပ်ဒေသများမှ ပြန်လည်ဝင်ရောက်လာပြီး Qurantine ပြုလုပ်ထားရှိသူများ၏ အ ချက်အလက် များကိုမှတ်တမ်းထားရှိရန်လိုပြီး အချက်အလက်များ မှန်ကန်မှုရှိစေရေး စစ်ဆေးဆောင် ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဆေးအကာအကွယ်ပေးခြင်းလုပ်ငန်းများအတွက် တပ်မတော်ဆေးအဖွဲ့များစေ လွှတ် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ သွားလာမှုစည်းကမ်းများကို စနစ်တကျလိုက်နာကြရန် လိုအပ်ကြောင်း၊ အကယ်၍ ဆေးစစ်ဆေးမှုများပြုလုပ်ရန်လိုအပ်ပါက ကျိုင်းတုံတွင်လာရောက်စစ်ဆေးနိုင်ရန် တပ်မတော်မှ ဆောင်ရွက်ပေး ထားကြောင်းနှင့် မိမိတိုင်းပြည်ကို အားကိုးစိတ် မွေးရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့မှ မိမိတို့ဒေသများ၌ COVID-19 ရောဂါဖြစ်ပွားသူ မရှိသေးကြောင်းနှင့် ဖြစ်ပေါ်လာပါက အသုံးပြုနိုင်ရန် ဆေးရုံ၊ ဆေးခန်းများကို အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍လည်း စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်ပေါက်များကို ဇန်နဝါရီလ ကတည်းက ပိတ်၍သွားရောက်ခြင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ပြောကြား သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကNDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့အတွက် တစ်ဖွဲ့လျင် Personal Protective Equipment (PPE) ဝတ်စုံ ၅၀၀ စုံ၊ Surgical Masks ၁၀၀၀၀ ခု၊ Goggles ၁၀၀ ခု၊ Surgical Gloves ၁၀၀၀ ခု၊ Bleaching Powder ၂ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel ၂၅၀ ဘူးနှင့် N 95 Mask ၅၀၀ ခုတို့နှင့် စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ပေးအပ်ရာ NDAA (မိုင်းလား) အဖွဲ့နှင့် UWSA (ဝ) အဖွဲ့တို့က လက်ခံရယူခဲ့ကြသည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ညနေပိုင်းတွင် ကျိုင်းတုံမြို့ရှိ ရပ်မိ ရပ်ဖ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား Amazing Keng Tong Hotel ၌သွားရောက်တွေ့ ဆုံသည်။
ကမ္ဘာ့နိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါ သည် မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယခုအချိန်အထိ ထိန်းချုပ်နိုင်သည့် ဆေးဝါးပေါ်ထွက်လာခြင်းမရှိသေးဘဲ စမ်းသပ်နေကြဆဲပင်ဖြစ်သည့်အတွက် စည်းကမ်းတကျနေထိုင်ခြင်း သည်သာလျင် အကောင်းဆုံးဖြစ် ကြောင်း၊ ဤဒေသသည် သွားလာမှုခက်ခဲသည့်ဒေသဖြစ်သဖြင့် အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း၊ တပ်မတော်မှလည်း COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို လူမျိုးမရွေး ဘာသာမရွေး၊ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိပြီး အများနှင့် သက်ဆိုင်သောနေရာများတွင်လည်း ဆောင်ရွက်လျက်ရှိပြီး ဒေသ ဖွံ့ဖြိုးတိုးတက်စေမည့် လုပ်ငန်းများကို ရေရှည်မျှော်တွေးလုပ်ဆောင်ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြော ကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း အထောက်အကူပြုပစ္စည်းများ ဖြစ်သည့် Surgical Masks ၁၀၀၀၀ ခု၊ Bleaching Powder ၃ ပုံး၊ Non-Contact Thermometer ၅၀ ခု၊ Hand Gel၂၅၀ ဘူးနှင့် N 95 Mask ၅၀၀ ခုနှင့် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ မြို့မိမြို့ဖများက လက်ခံရယူ ခဲ့ကြကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people sitting, table, living room and indoor
Image may contain: one or more people, people standing and indoor
Image may contain: one or more people, people sitting, wedding, table, shoes and indoor
သတင်းစဉ်

0 comments:

Post a Comment