Saturday, May 9, 2020

MOUစနစ်ဖြင့်စေလွှတ်ရန်ကျန်နေတဲ့မြန်မာလုပ်သား၆သောင်းခွဲကိုဇွန်လတွင်ထိုင်းနိုင်ငံဘက်မှစတင်လက်ခံသွားမည်

No photo description available.

ထိုင်းနိုင်ငံမှာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ထားတဲ့ မေလကုန်အထိနယ်မြေဖြတ်ကျော်သွားလာခွင့်မပြုသေးတာကြောင့် လာမယ့်ဇွန်လ (၁)ရက်နေ့မှစတင်ကာ MOUစနစ်အရ စေလွှတ်ရန်ကျန်ရှိနေသော မြန်မာလုပ်သား ၆၅၀၀၀ ကျော်အားတစ်ရက်လျှင် ၂၅၀၀ ဦးဖြင့် ထိုင်းနိုင်ငံဘက်မှလက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှသိရပါတယ်။

လက်ရှိအချိန်တွင်ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်သူများသည်တာ့ခ်ခရိုင်မှပြန်လည်ဝင်ရောက်နေသောလုပ်သားများဖြစ်ကြပြီး ထိုင်းနိုင်ငံတွင်နယ်မြေဖြတ်ကျော်သွားလာခွင့်ပြန်လည်ခွင့်ပြုပါကထိုင်းနိုင်ငံအနှံသို့အစီအစဉ်အမျိုမျိုးဖြင့်သွားရောက်လုပ်ကိုင်ခဲ့ကြသောမြန်မာလုပ်သားအရေအတွက်မှာ သိန်းဂဏန်းခန့်ရှိနိုင်သည်ဟုအစိုးရမှထုတ်ပြန်ထားကြောင်းသိရပါတယ်။
ထိုင်းနိုင်ငံရောက် MOU စနစ်ဖြင့်သွားရောက်လုပ်ကိုင်နေကြသညိ့ မြန်မာလုပ်သားများအနေဖြင့်လည်းလက်ရှိကမ္ဘာတဝှမ်းဖြစ်ပေါ်နေသောကပ်ရောဂါကြီးကြောင့်လုပ်ငန်းခွင်အခက်အခဲများဖြစ်ပေါ်နေပါက မိမိတို့၏စေလွှတ်အေဂျင်စီ ၊အလုပ်ရှင်၊မြန်မာအလုပ်သမားသံအရာရှိတို့နှင့်ချိတ်ဆက်ကာတရားဝင်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ပြီးမိမိတို့၏ MOUစာချုပ်ပါအချက်အလက်များအတိုင်းလိုက်နာဆောင်ရွက်ပေးကြရန် MOEAFမှအကြံပြုထားတယ်လို့သိရပါတယ်။
No photo description available.

Source-MOEAF
Crd : MyanmarLabourNews

0 comments:

Post a Comment