Friday, May 15, 2020

ကာတာနိုင်ငံမှာ Mask မတပ်ပဲ အပြင်ထွက်ပါက ကန်ဒေါ်လာ ၅၀၀၀၀ ဒဏ်ငွေ (သို့)ထောင်ဒဏ် ၃ နှစ် ကျခံရမည်

Image may contain: one or more people, closeup and outdoor

ကာတာပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတွင်းနေထိုင်သူတွေအားလုံးအနေနဲ့ အိမ်အပြင်မှာသွားလာနေချိန်တိုင်း Mask တပ်ဖို့ လိုအပ်ကြောင်းနဲ့ Mask မတပ်ပဲ အပြင်ထွက်ပါက ဥပဒေချိုးဖောက်မှုအဖြစ်သတ်မှတ်မှာဖြစ်ပြီး ကာတာငွေ ၂၀၀,၀၀၀ (ကန်ဒေါ်လာ ၅၀,၀၀၀ ကျော်) ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး ဒဏ်ငွေပေးဆောင်ဖိုမတတ်နိုင်ရင် ထောင်ဒဏ် ၃ နှစ်ကျခံရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာစာအရ သိရပါတယ်။

ချွင်းချက်အနေနဲ့ လူတစ်ဦးတည်း မှန်အလုံပိတ်မောင်းတဲ့ ကားမောင်းသမားတွေတော့ ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီပြစ်ဒဏ်ဟာ ကမ္ဘာမှာ အပြင်ထွက်တဲ့အချိန် Mask မတပ်တာကြောင့် ချမှတ်တဲ့ပြစ်ဒဏ်ထဲမှာ အကြီးလေးဆုံးဖြစ်ပုံရ တယ်လို့ ဆိုပါတယ်။
ကာတာနိုင်ငံမှာ မေလ ၁၄ ရက်နေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၁၇၃၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၂၈,၂၇၂ ဦး ကူးစက်ခံထားရပြီဖြစ်ကာ ၁၄ ဦးသေဆုံးထားပါတယ်။
Image may contain: sky and outdoor
Image may contain: skyscraper, sky and outdoor
crd-Myanmar Harp Media #Myanmar_Online_News

>>zawgyi<<
ကာတာနိုင်ငံမှာ Mask မတပ်ပဲ အပြင်ထွက်ပါက ကန်ဒေါ်လာ ၅၀၀၀၀ ဒဏ်ငွေ (သို့)ထောင်ဒဏ် ၃ နှစ် ကျခံရမည်
Friday, May 15, 2020

ကာတာပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတွင်းနေထိုင်သူတွေအားလုံးအနေနဲ့ အိမ်အပြင်မှာသွားလာနေချိန်တိုင်း Mask တပ်ဖို့ လိုအပ်ကြောင်းနဲ့ Mask မတပ်ပဲ အပြင်ထွက်ပါက ဥပဒေချိုးဖောက်မှုအဖြစ်သတ်မှတ်မှာဖြစ်ပြီး ကာတာငွေ ၂၀၀,၀၀၀ (ကန်ဒေါ်လာ ၅၀,၀၀၀ ကျော်) ဒဏ်ငွေဆောင်ရမှာဖြစ်ပြီး ဒဏ်ငွေပေးဆောင်ဖိုမတတ်နိုင်ရင် ထောင်ဒဏ် ၃ နှစ်ကျခံရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်လိုက်တဲ့ အမိန့်ကြေညာစာအရ သိရပါတယ်။
ချွင်းချက်အနေနဲ့ လူတစ်ဦးတည်း မှန်အလုံပိတ်မောင်းတဲ့ ကားမောင်းသမားတွေတော့ ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒီပြစ်ဒဏ်ဟာ ကမ္ဘာမှာ အပြင်ထွက်တဲ့အချိန် Mask မတပ်တာကြောင့် ချမှတ်တဲ့ပြစ်ဒဏ်ထဲမှာ အကြီးလေးဆုံးဖြစ်ပုံရ တယ်လို့ ဆိုပါတယ်။
ကာတာနိုင်ငံမှာ မေလ ၁၄ ရက်နေ့က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာ ၁၇၃၃ ဦးထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ၂၈,၂၇၂ ဦး ကူးစက်ခံထားရပြီဖြစ်ကာ ၁၄ ဦးသေဆုံးထားပါတယ်။
crd-Myanmar Harp Media #Myanmar_Online_News

0 comments:

Post a Comment