Sunday, May 10, 2020

Mask ချုပ် ပြိုင်ပွဲ စတင်ကျင်းပ၊ နောင်တွင် ပြည်ပသို့ တင်ပို့ရောင်းချမည်ဟုဆို။ မျက်နှာဖုံးအသုံးပြုရေး မရှိမဖြစ်အခြေအနေတွင် အရည်အသွေးမြင့် Mask များ လူတိုင်းလက်လှမ်းမီစျေးနှုန်းဖြစ်ရန် လိုအပ်

Image may contain: one or more people

Mask ခေါ် မျက်နှာဖုံးမှာ Covid-19 ကူးစက်ကပ်ရောဂါ ကျရောက်လျှက်ရှိသောကမ္ဘာကြီးတွင် လွန်ခဲ့သောလများမှ စတင်၍ နိုင်ငံတကာလူအားလုံးတို့အတွက် နေ့စဉ် မရှိမဖြစ် ပစ္စည်းတစ်ခုအသွင် ပြောင်းလဲလာခဲ့သည်။

High-spec respirator ခေါ် ရောဂါကာကွယ်ရေး မျက်နှာဖုံးအကာများ လိုအပ်ချက်မြင့်မားလျှက်ရှိစဉ် ပြည်သူများ ငွေကြေးအရ လက်လှမ်းမီနိုင်ပြီး အရည်အသွေးမြင့်မားသည့် Mask မျက်နှာဖုံးများ အမြန်ဆုံးရရှိရေးအတွက် ရှိတ်ဟာစီနာအစိုးရက အကောင်အထည်ဖော်လိုက်သည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။
ဘင်္ဂလားဒက်ရှ် ဆေးဝါးဆိုင်ရာအထွေထွေညွှန်ကြားမှု ဦးစီးဋ္ဌာန DGDA က က ISO-17025 အသိအမှတ် ပြု ပြည်တွင်းဆေးဝါးနှင့် ကိရိယာထုတ်လုပ်ရေး ပုဂ္ဂလိကကုမ္ပဏီ ၅- ခုတို့အား ၄-လွှာပါ KN95 စံသတ်မှတ်ချက်များနှင့်အညီ အရည်အသွေးမြင့် Mask များ အပြိုင်အဆိုင်သဖွယ် ထုတ်လုပ်ကြရန် ခွင့်ပြုပေးခဲ့သည်ဆို၏။
လောလောဆယ်တွင် JMI Hospital Requisite Manufacturing Ltd ကုမ္ပဏီသည် တရုတ်နိုင်ငံ Liz Fashion နှင့် ပူးပေါင်း၍ GB 2626-2006 စံနှုန်းအတိုင်း နေ့စဉ် မျက်နှာဖုံး ခုရေ ၄-သောင်း ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
မျက်နှာဖုံး တစ်ခုချင်းစီ၏ မူလကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇၇ - ၁.၈၈ မျှသာ ကျသင့်သော် လည်း ကနဦးထုတ်လုပ်မှုများအတွက် စျေးကွက်တင်လျှင် ၃.၅၃ ဒေါ်လာစျေး ဖြစ်နေကြောင်း၊ နောင် အမြောက်အများထုတ်လုပ်နိုင်ပြီး၊ ကုမ္ပဏီများ အပြိုင်အဆိုင်ထုတ်လုပ်ခြင်းဖြင့် မျက်နှာဖုံးတစ်ခုချင်းစီ၏ စျေးနှုန်းမှာလည်း လူအများ လက်လှမ်းမီသည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ ပြည်ပသို့လည်း အမြောက်အများတင်ပို့ရန် ရည်ရွယ်ထားကြောင်း Dhaka Tribune က တွေ့ဆုံ မေးမြန်းခြင်းများကို အခြေခံကာ သတင်းရေးသားသည်။
Source - Htay Oung

0 comments:

Post a Comment