Saturday, May 9, 2020

ပဲခူးဒေသကို ကိုယ်စားပြုထားသောဟင်္သါ နှစ်ကောင် ရုပ်ထုအား Mask တပ်ဆင်၍ Covid 19 ကာကွယ်ရေးနိူးဆော်

Image may contain: outdoor
ယနေ့ မေလ(၁၀) ရက်နေ့ နံနက်ပိုင်းကပဲခူးမြို့ ကျုံးရိုးထိပ်တွင်ရှိသောဟင်္သါနှစ်ကောင် ရုပ်ထုကို Mask တပ်ဆင်ထားသည်ကို တွေ့ရသည်။

အမိန့်ညွှန်ကြားချက်တွေထုတ်မှကျန်းမာရေးအတွက် Mask တပ်တာမဟုတ်ဘဲပဲခူးသူ ပဲခူးသားတွေ ကိုယ် ပိုင် အသိစိတ်နဲ့Mask တပ်ကြဖို့ နိုးဆော်တဲ့ အနေနဲ့ပဲခူးဒေသရဲ့ logo ဖြစ်တဲ့ ဟင်္သါနှစ်ကောင်ကို Mask တပ်ပေးထားတာပါ။ မြို့ထဲမှာ ဆိုတော့ လူအများလဲ မြင်နိုင်ပြီးကျန်းမာရေး သတိဝင်အောင်လို့ ရည်ရွယ်ပြီး လုပ်ခဲ့တာပါဟု Covid 19Volunteer လုပ်နေသူ ဆောင်းပါးရှင် ဦးအေးမင်းက ပြောသည်။
ပဲခူးမြို့တွင် မတ်လနှင့် ဧပြီလအတွင်းကStay Home နေခြင်းနှင့် အပြင်ထွက်ပါကလည်း Mask တပ်၍ သွားလာကြသော်လည်းမေလ ပထမပတ်မှ စ၍ယခင်သွားလာနေကြအတိုင်း ပြန်လည်သွားလာနေကြပြီး လူနည်းစုသာ Mask တပ်ထားသည်ကိုတွေ့ရှိရသည်။
Image may contain: outdoor
Image may contain: one or more people and outdoor
Ref ; Bago Weekly Journal

0 comments:

Post a Comment