Sunday, May 17, 2020

ရုရှားနိုင်ငံတလွှားတွင် ကိုရိုနာဗိုင်ရပ်စ်ကူးစက်ပျံ့နှံ့နေသော်လည်း lockdown စည်းကမ်းတွေကို ဖြေလျှော့ပေးသွားမယ်လို့ သမ္မတ ပြော

Image may contain: sky, cloud and outdoor

ကိုရိုနာဗိုင်းရပ်စ်ဟာ ရုရှာနိုင်ငံတလွှားမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး၊ နိုင်ငံရဲ့ time zone မတူညီတဲ့ နယ်မြေ (၁၁)ခုလုံးဆီကို ပျံ့နှံ့ရောက်ရှိနေပြီဖြစ်တယ်လို့ အခုလ(၁၇)ရက်နေ့က CNN သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံမှာ အခုလ(၁၆)ရက်နေ့စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုစုစုပေါင်း(၂၇၂၀၄၁)ဦးရှိပြီး၊ စုစုပေါင်း သေဆုံးသူကတော့ (၂၅၃၇)ဦးရှိပါတယ်။ မြို့တော် မော်စကိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးဝါးဆုံးနေရာဖြစ်ပြီး၊ ကူးစက်ခံရသူဦးရေ (၁၃၈၉၆၉)ဦးရှိတာကြောင့် တစ်နိုင်ငံလုံးကူး စက်ခံရသူ စုစုပေါင်းဦးရေရဲ့ ထက်ဝက်နီးပါးလောက်ရှိနေတာဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်ကတော့ နယ်မြေ(၈၅)ခုက ခေါင်းဆောင်တွေနဲ့ အခုရက်သတ္တပတ်အစောပိုင်းက အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုတွေရှိနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်ဖွင့်နိုင်ဖို့ ပိတ် ပင်တားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ဆက်လက်ထားရှိမလား၊ ဖယ်ရှားပေးမလားဆိုတာကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံတလွှားမှာ lockdown စည်းကမ်းတွေကို တဖြည်းဖြည်းဖြေလျှော့ပေးသွားမယ်လို့ သမ္မတ ပူတင်က အခုရက်သတ္တပတ်အစောပိုင်းမှာကြေညာထားခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဝါးဆုံးနေရာဖြစ်တဲ့ မော်စကိုမြို့ရဲ့ မြို့တော်ဝန် Sergey Sobyanin ကတော့ lockdown စည်းကမ်းချက်တွေကို ဖယ်ရှားဖို့ အလောတကြီးမလုပ်ဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။
crd-One News Myanmar #Myanmar_Online_News

>>zawgyi<<
ရုရှားနိုင်ငံတလွှားတွင် ကိုရိုနာဗိုင်ရပ်စ်ကူးစက်ပျံ့နှံ့နေသော်လည်း lockdown စည်းကမ်းတွေကို ဖြေလျှော့ပေးသွားမယ်လို့ သမ္မတ ပြော
Sunday, May 17, 2020

ကိုရိုနာဗိုင်းရပ်စ်ဟာ ရုရှာနိုင်ငံတလွှားမှာ ကူးစက်ပျံ့နှံ့နေပြီဖြစ်ပြီး၊ နိုင်ငံရဲ့ time zone မတူညီတဲ့ နယ်မြေ (၁၁)ခုလုံးဆီကို ပျံ့နှံ့ရောက်ရှိနေပြီဖြစ်တယ်လို့ အခုလ(၁၇)ရက်နေ့က CNN သတင်းမှာ ဖော်ပြ ထားပါတယ်။
ရုရှားနိုင်ငံမှာ အခုလ(၁၆)ရက်နေ့စာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုစုစုပေါင်း(၂၇၂၀၄၁)ဦးရှိပြီး၊ စုစုပေါင်း သေဆုံးသူကတော့ (၂၅၃၇)ဦးရှိပါတယ်။ မြို့တော် မော်စကိုဟာ ဗိုင်းရပ်စ်ကူးစက်ခံရမှု အဆိုးဝါးဆုံးနေရာဖြစ်ပြီး၊ ကူးစက်ခံရသူဦးရေ (၁၃၈၉၆၉)ဦးရှိတာကြောင့် တစ်နိုင်ငံလုံးကူး စက်ခံရသူ စုစုပေါင်းဦးရေရဲ့ ထက်ဝက်နီးပါးလောက်ရှိနေတာဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်ကတော့ နယ်မြေ(၈၅)ခုက ခေါင်းဆောင်တွေနဲ့ အခုရက်သတ္တပတ်အစောပိုင်းက အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ ဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုတွေရှိနေတဲ့ နိုင်ငံရဲ့ စီးပွားရေးကို ပြန်ဖွင့်နိုင်ဖို့ ပိတ် ပင်တားမြစ်ထားတဲ့ စည်းကမ်းချက်တွေကို ဆက်လက်ထားရှိမလား၊ ဖယ်ရှားပေးမလားဆိုတာကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံတလွှားမှာ lockdown စည်းကမ်းတွေကို တဖြည်းဖြည်းဖြေလျှော့ပေးသွားမယ်လို့ သမ္မတ ပူတင်က အခုရက်သတ္တပတ်အစောပိုင်းမှာကြေညာထားခဲ့ပါတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်ကူးစက်မှု အဆိုးဝါးဆုံးနေရာဖြစ်တဲ့ မော်စကိုမြို့ရဲ့ မြို့တော်ဝန် Sergey Sobyanin ကတော့ lockdown စည်းကမ်းချက်တွေကို ဖယ်ရှားဖို့ အလောတကြီးမလုပ်ဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment