Friday, May 15, 2020

တီးတိန်မြို့နယ်က ကပ်တဲလ်ကျေးရွာအား Lockdown ဖျက်သိမ်း

Image may contain: mountain, sky, outdoor and nature

တစ်လကျော်ကြာ Lockdown ချခံထားရတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကပ်တဲလ်ရွာကို ဒီနေ့ Lockdown ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်း မင်ထန် ကပြောပါတယ်။

ကပ်တဲလ်ရွာကို မေ(၁၂)ရက်မှာ ချင်းပြည်နယ်အစိုးရက Lockdown ဖျက်သိမ်းဖို့ စီစဉ်ထားပေမယ့် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ကျမလာသေးတာကြောင့် ဒီကနေ့မှာ ပြည်ထောင်စု လမ်းညွှန်ချက်အတိုင်း ဖျက်သိမ်းပေးလိုက်တာလို့ဆိုပါတယ်။
လူနာအမှတ်(၁)မှာ ကိုဗစ်ရောဂါပိုးတွေ့ပြီးနောက် အဲဒီလူနာနေထိုင်ခဲ့တဲ့ တီးတိန်မြို့နယ်က ကပ်တဲလ်ကျေးရွာကို မတ်(၂၄)ရက်ကစပြီး မေ(၁၄) ရက်အထိ Lockdown ချခဲ့ရတာဖြစ်ပါတယ်။ ကပ်တဲလ်ကျေးရွာမှာ လူဦးရေ (၄၀၀၀)ဝန်းကျင်နေထိုင်ပြီး ရောဂါဖြစ်စမှာ Lockdown ချလိုက်တာကြောင့် ဒေသခံအတော်များများ ဒုက္ခ ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။
ကပ်တဲလ်ကျေးရွာ Lock down ချခံထားရစဉ် ပြည်နယ်အစိုးရက ဆန်အိတ် (၄၅၀)ကျော် အပါအဝင်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ စတာတွေကို (၃)ကြိမ် ထောက်ပံ့ပေးခဲ့ရတာပါ။ ကပ်တဲလ်ကျေးရွာက လူနာအမှတ်(၁) အမျိုးသားကတော့ ဧပြီ(၃၀)ရက်က ဆေးရုံဆင်းပြီး နေအိမ်မှာ Home Quarantine (၁၄) ရက်နေထိုင်ကာ မေ(၁၄)မှာ ပုံမှန်သွားလာခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
crd-OneNewsMyanmar #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment