Thursday, May 14, 2020

KIA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာတွင် Covid-19 ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးနှင့်ပက်သတ်၍ KIA/KIO ခေါင်းဆောင်များနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

Image may contain: one or more people and people sitting

Coronavirus Disease 2019(COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အခြေပြုရာဒေသများတွင် ကာကွယ်ထိန်းချုပ်ကုသရေးနှင့်စပ်လျဉ်း၍ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ကျေးရွာအုပ်စု၊ KIA ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်ဆပ်ပါကျေးရွာ၌ မေလ ၁၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင်ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်လှိုင်ထွန်း၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင့်နိုင်၊ ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ဥက္ကဌ ဦးလရှီးလ၊ သိက္ခာတော်ရဆရာတော်ဒေါက်တာခါလမ်ဆမ်ဆွန်-KBC၊ ဆရာတော် Francis ဒေါ့တန် RCM၊ သိက္ခာတော်ရဆရာတော် တူးမိုင် KBC၊ ဆရာမဆန်ထွယ် KWAT၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးခါပရာခွန်းအောင် နှင့် ဦးအင်ခွန်တန်ဂွန်း( CCRC-K) တို့တက်ရောက် ဆွေးနွေးခဲ့ပါသည်။
ကေအိုင်အို Covid-19ကပ်ရောဂါကာကွယ်နှမ်နင်းရေးကော်မတီကို (၁၄)ဦးဖြင့် ဖွဲ့စည်းထားပြီး အောက်ပါပုဂ္ဂိုလ်များ တက်ရောက်ကြပါသည်-
(က) ဆရာကြီး ဆွမ်လွတ်ဂမ် ဥက္ကဌ(KIO ဒုတိယဥက္ကဌ-၂)
(ခ) ဒုတိယဗိုလ်ချုပ်ကြီးဆွမ်လွတ်ဂွန်မော်၊ ကော်မတီအကြံပေး(KIC ဒုတိယဥက္ကဌ-၁)
(ဂ) ဗိုလ်ချုပ်လဖိုင်ဇော်ရော် အဖွဲ့ဝင်(KIC အတွင်းရေးမှူး)
(ဃ) ဆလန်ကမ္ဘာလဖိုင်ခွန်နောင် ၊အဖွဲ့ဝင်(နိုင်ငံခြားရေးဌာနဒတိယတာဝန်ခံ)
(င) ဆလန်ကမ္ဘာမဂျီနော်မိုင် ၊ အဖွဲ့ဝင်(အရှေ့ပိုင်းတိုင်းဒေသ အုပ်ချုပ်ရေးမှူး)
(စ) ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ၊အဖွဲ့ဝင် (သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)
(ဆ) ဗိုလ်မှူးကြီးဂရားဇော်လီ၊ အဖွဲ့ဝင်(စစ်ဦးစီးပထမတန်း)
(ဇ) ဗိုလ်မှူးကြီးဂျိန်ဖော့ဘရန်အောင်၊ အဖွဲ့ဝင်(ဆေးတပ်ဦးစီးမှူး)
(စျ) ဆလန်ကမ္ဘာဆဘော်လဇော် အဖွဲ့ဝင်၊ (လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး)
(ည) ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် ၊ အတွင်းရေးမှူး(ကျန်းမာရေးဌာနတာဝန်ခံ)။

ထိုဆွေးနွေးပွဲတွင် သိက္ခာ​တော်ရဆရာတော်ကြီး CMတူးရှန်မှ ဆုတောင်းဖွင့်လှစ်ခဲ့ပြီး ဆရာကြီးဆွမ်လွတ်ဂမ်၊ ကေအိုင်အို COVID-19ကပ်ရောဂါကာကွယ်နှိမ်နင်းရေးကော်မတီဥက္ကဌ(KIO ဒုတိယဥက္ကဌ-၂)၊ ဆရာကြီးလရှီးလ (ဥက္ကဌ၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့)နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ပြည်နယ်လူမှုရေးဝန်ကြီးတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး KOVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများ
နှင့် ကေအိုင်အိုမှ ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်အတွင်းရေးမှူး (ကျန်းမာရေးဌာနတာဝန်ခံ)၊ ကချင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်းနှင့် ဆရာအင်ခွမ်တန်ဂွန်း(CCRC-K)၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့၊တွဲဘက်အတွင်းရေးမှူးတို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ခေတ္တရပ်နားခဲ့ပါသည်။

ဆွေးနွေးပွဲဒုတိယပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်၊ KIO COVID-19ကာကွယ်နှိမ်နင်းရေး ကော်မတီအကြံပေး(KIC ဒုတိယဥက္ကဌ-၁)က ကပ်ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ကေအိုင်အို၏မူဝါဒနှင့် သဘောထားများကို ရှင်းလင်းဆွေးနွေးပြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီးနှင့် တက်ရောက်လာသူများမှ ကပ်ရောဂါကာကွယ် နှိမ်နင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအပြန်အလှန်ဆွေးနွေးကြပြီး၊ လူမှုရေးဝန်ကြီးဦးနေဝင်းမှ ကချင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ကေအိုင်အိုထိန်းချုပ်ဒေသအတွင်း FQဝင်ရောက်နေသူ(၇၈)ဦးအတွက် (၂၁)ရက်စာစားသောက်စရိတ် ငွေကျပ် (၅၇၃၃၀၀၀)နှင့် Covid-19ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော ပစ္စည်းများထောက်ပံပေးခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ဥက္ကဌ ဆရာကြီးလရှီးလနှင့် ဆရာကြီးဆွမ်လွတ်ဂမ် ၊ကေအိုင်အို COVID-19 ကပ်ရောဂါကာကွယ်နှိမ်နင်းရေးကော်မတီဥက္ကဌ(KIO ဒုတိယဥက္ကဌ-၂)တို့က အပိတ်မိန့်ခွန်းပြောကြား၍ သိက္ခာတော်ရ ဆရာတော်ဒေါက်တာခါလမ်ဆမ်ဆွန် KBCမှ ဆုတောင်းပေးခဲ့ပြီး ညနေ(၃) နာရီအချိန်တွင် ဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Image may contain: 2 people, people standing, sky, outdoor and nature

Image may contain: 1 person, standing and sitting
Image may contain: one or more people and people sitting
Image may contain: one or more people and people sitting
Image may contain: one or more people and people sitting
Image may contain: 2 people, people standing and outdoor

Crd : Kachin Information Committee NLD #Myanmar_Online_News

0 comments:

Post a Comment