Friday, May 15, 2020

အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကာဘူးလ်မြို့ရှိဆေးရုံအား တိုက်ခိုက်မှုသည် အစ္စလာမ္မစ်နိုင်ငံအဖွဲ့(IS)တို့၏ လက်ချက် ဖြစ်ကြောင်း အမေရိကန်ပြောကြား

Image may contain: one or more people, people standing and outdoor

အာဖဂန်နစ္စတန်တွင် ယခုသီတင်းပတ်အတွင်းမွေးကင်းစကလေးငယ်နှစ်ဦးသေဆုံးခဲ့သည့် ဆေးရုံတိုက်ခိုက်မှုအား တာလီဘန်တို့ လုပ်ဆောင်ခဲ့ခြင်းအဟုတ်ဘဲIS စစ်သွေးကြွတို့၏ လက်ချက်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုမှ မေလ ၁၄ ရက်နေ့တွင် ပြစ်တင်ခဲ့ပြီး တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးပြဿနာကို ဖြေရှင်းရန် အာဖဂန်အစိုးရအား ထပ်မံတောင်ဆိုခဲ့သည်။

အဆိုပါအမေရိကန်ကြေညာချက်သည် တာလီဘန်တို့အား ထိုးစစ်ဆင်ရန်အမိန့်ပေးခဲ့သည့် အာဖဂန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့်ဆန့်ကျင်နေပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းရန်တွန်းအားပေးနေပါသည်။
ကာဘူးလ်မြို့ဆေးရုံအားတိုက်ခိုက်မှုနှင့်Nangarhar အသေခံဗုံးခွဲတိုက်ခိုက်မှုတို့အတွက် တာလီဘန်တို့ကို ထိုးစစ်ဆင်ရန်အာဖဂန်စစ်တပ်အားအာဖဂန်သမ္မတ Ashraf Ghani မှ မေလ ၁၂ ရက်နေ့တွင် အမိန်ပေးခဲ့သည်။
အမေရိကန်အထူးကိုယ်စားလှယ် Zalmay Khalilzad မှ Twitter စာမျက်နှာတွင် ဖော်ပြထားသော အဆိုပါတိုက်ခိုက်မှု နှစ်ရပ်လုံးအတွက် IS အဖွဲ့အား ပြစ်တင်ခဲ့ပြီး အဆိုပါအဖွဲ့သည် တာလီဘန်ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဆန့်ကျင်နေပြီး အာဖဂန်နစ္စတန်တွင် အီရတ်လူမျိုးကဲ့သို့ ဂိုဏ်းဂဏစွဲ စစ်ပွဲများစတင်ရန် ကြိုးပမ်းနေသည်ဟု ပြောကြားခဲ့သည်။
“အာဖဂန်နစ္စတန်ဟာ ISIS ထောင်ချောက်ထဲကျသွားပြီး ငြမ်းချမ်းရေး နဲ့အလှမ်းဝေးသွားတာထက်စာရင် ဒီအန္တရာယ်ခြိမ်းခြောက်မှုကို အာဖဂန်တွေ အတူတကွ ချေမှုန်းပြီးသမိုင်းဝင်ငြိမ်းချမ်းရေးအခွင့်အလမ်းကိုဖော်ဆောင်ရမယ်။ ” ဟု Khalilzad မှ ပြောကြားခဲ့သည်။
SITE ထောက်လှမ်းရေးအဖွဲ့၏ပြောကြားချက်အရ Nangarhar ပြည်နယ်တွင် ဗုံးခွဲတိုက်ခိုက်မှုအား IS စစ်သွေးကြွအဖွဲ့ဝင် တစ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီ ဆေးရုံတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်သည်ကို မသိရသေးပေ။
တာလီဘန်တပ်ဖွဲ့မှ အဆိုပါတိုက်ခိုက်မှုနှစ်ရပ်လုံးသည် ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားပါသည်။ အဆိုပါတိုက်ခိုက်မှုသည် အမေရိကန်၏အကြာရှည်ဆုံးစစ်ပွဲအား အဆုံးသတ်ရန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးအစီအစဉ်အား အနှောက်အယှက်ဖြစ်စေခဲ့ပါသည်။
source-Reuters #Myanmar_Online_News

>>zawgyi<<
အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကာဘူးလ်မြို့ရှိဆေးရုံအား တိုက်ခိုက်မှုသည် အစ္စလာမ္မစ်နိုင်ငံအဖွဲ့(IS)တို့၏ လက်ချက်ဖြစ်ကြောင်း အမေရိကန်ပြောကြား

0 comments:

Post a Comment