Monday, May 4, 2020

ICJ အစီရင်ခံစာ တင်ခါနီးသောကြောင့် ARSA ပိုမိုလှုပ်ရှားလာပြီး လုံခြုံရေး ဂရုတစိုက်ဆောင်ရွက်နေရ


ICJ အစီရင်ခံစာတင်ခါနီးလာပြီးဖြစ်သောကြောင့် ARSA အကြမ်းဖက်အုပ်စုက စစ်ဆင်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ် လာသောကြောင့် နယ်မြေလုံခြုံရေးကို ဂရုတစိုက်လုပ်ဆောင်နေရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ သိရှိရသည်။

“မေလနောက်ဆုံးအပတ်လောက်မှာ ICJ အစီရင်ခံစာတင်ရမှာဖြစ်တယ်။ အဲ့ဒီအစီရင်ခံစာတင်ရမယ့် အချိန်မှာ သူတို့ပိုပြီးလှုပ်ရှားလာတာတွေ့ရတယ်။ ဧပြီလထဲမှာဆိုရင် သူတို့လှုပ်ရှားခဲ့တာတွေရှိတယ်။ ပြီးရင် ရဲမှူးကြီး တစ်ယောက် အစည်းအဝေးတက်ဖို့လာတာကို မိုင်းထောင်တိုက်ခိုက်ခဲ့တာရှိတယ်။ နောက်ပြီး အရေး ကြီး ချောစာပို့ဖို့လာတဲ့ ရဲတပ်သားတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့က အစီရင်ခံစာ တင်ခါနီးတို့၊ အစီရင်ခံစာထွက်ခါနီးတို့ ပိုပြီးဂရုစိုက်ရတယ်။”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေး ကော်မတီမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဥပမာကြည့်မည်ဆိုပါက ပြီးခဲ့သည့်နှစ်များက ကိုဖီအာနန်အစီရင်ခံစာကို နက်ဖြန်တင်မည်ဆိုပါက ယနေ့ကဲ့သို့ ညမျိုးတွင် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တောရှိ ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ကတော့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဘယ်နေ့တင်မယ်ဆိုတာတော့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြားမလိုလားအပ်တာတွေဖြစ်လာမှာစိုးတဲ့အတွက်ကြောင့်ပါ။”ဟု နိုင်ငံတော် သမ္မတရုံးမှ အရာရှိ တစ်ဦးက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းတစ်လျှောက် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားမဝင်ဖြတ်ကျော်မှုနှင့် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်မှု မရှိစေရေးတို့အတွက် လုံခြုံရေးဆောင်ရွက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ARSA အကြမ်းဖက်သောင်းကျန်းသူများမှ မေလ ၂ ရက်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ချောင်းမြောင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက နယ်စပ်ခြံစည်းရိုးတစ်လျှောက် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက် နေစဉ် နယ်ခြားမှတ်တိုင် ဘီပီ ၄၁ ၏ အရှေ့ဘက် မီတာ ၄၀၀ တွင် ARSA သောင်းကျန်းသူများက ပစ်ခတ်ခဲ့ရာ တပ်မတော်စစ်ကြောင်းများက စစ်ကူပေးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာအရေးကိစ္စနှင့် ပတ်သက်ပြီး အစီရင်ခံစာကို မေလနောက်ဆုံးပတ် ခန့်တွင် တင်သွင်းရမည်ဖြစ်သောကြောင့် ARSA အကြမ်းဖက်များက အဖျက်အမှောက်လုပ်ငန်းများ၊ နယ်စပ်ဒေသလှုပ်ရှားမှုများကို အဆက်မပြတ်လုပ်ဆောင်လာကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှ သိရသည်။
Image may contain: text
Ref ; Myitmakha Media Group

0 comments:

Post a Comment