Sunday, May 10, 2020

Hotel Quarantine ရက်ပြည့်လျှင် ဒေးဗစ်လား တရားရင်ဆိုင်ရမည်



Image may contain: 1 person
ရန်ကုန်တိုင်းအစိုးရအဖွဲ့က အမှုဖွင့်ထားတဲ့ တရားဟောဆရာ ဒေးဗစ်လားအနေနဲ့ ဟိုတယ် Quarantine နှစ်ပတ် ပြည့်ပါက တရားရင်ဆိုင်ရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ တရားဟော ဆရာ ဒေးဗစ်လားဟာ COVID-19 ရောဂါကူးစက်ခံရပြီးနောက် Negative အဖြေထွက်လို့ ဝေဘာဂီအထူးကုဆေးရုံ ကနေ ဆေးရုံဆင်းခွင့်ရပြီး ဟိုတယ် Quarantine နှစ်ပတ်နေထိုင်နေတယ်လို့ ဦးနိုင်ငံလင်း ကဆိုပါတယ်။

“ဝေဘာဂီဆေးရုံ ကနေ ဟိုတယ်ကွာရန်တင်း (၁၄)ရက် သူနေရမယ်၊ (၁၄) ရက်နေလို့ ပြည့်ရင်တော့ အမှုအတိုင်း ဆက်လက်ဆောင်ရွက်မယ်” လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။ လက်ရှိမှာ တရားဟောဆရာ ဒေးဗစ်လားဟာ ဗိုလ်တထောင်မြို့နယ်ထဲက ဟိုတယ်တစ်ခုမှာ Quarantine ဝင်နေတာပါ။ ဒေးဗစ်လားဟာ ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ လမ်းညွှန်ချက်ကိုဖောက်ဖျက်ပြီး လူစုလူဝေးနဲ့ ဘာသာရေးပွဲတစ်ခုကို ပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒါကြောင့် တရားဟောဆရာ ဒေးဗစ်လား နဲ့ ဦးဝေထွန်းတို့ကို ရောဂါဖြစ်စေနိုင်တဲ့ လူစုလူဝေး ပြုလုပ်ခဲ့မှုအပေါ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment