Saturday, May 9, 2020

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းနှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးအား မေ ၂၂ ရက်တွင် အပြီးသတ်အမိန့်ချမည်


Image may contain: 1 person, standing and outdoor
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးကို အ ဂတိလိုက်စားမှုဖြင့် စွဲချက်တင်ထားသည့်အပေါ် ၆၂ ကြိမ်မြောက် ရုံးချိန်းအဖြစ် မေ ၈ ရက်က ရုံးထုတ်စစ် ဆေးခဲ့ပြီး အဆိုပါရုံးချိန်းတွင် စွဲဆိုထားသည့်အမှုများအပေါ် နှစ်ဖက်အပြီးသတ် လျှောက်လဲချက် ကြားနာခဲ့ကာ မေ ၂၂ ရက်တွင် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။
“ မေလ ၈ ရက်နေ့ ရုံးချိန်းမှာ တနသာင်္ရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီးအမှုအမှတ် (၁/၂၀၁၉)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉) နဲ ့(၄/၂၀၁၉) တို့က တရားလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ တိုင်းဒေ သကြီး ဥပဒေအရာရှိနဲ ့ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိတို့က တရားခံများအပေါ်စွဲ ချက်တင်ထားခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ် တစ်ရပ်ရပ် ချမှတ်သင့်ပါကြောင်း လျှောက်လဲ တင်ပြထားကြပြီး တရားခံများဘက်က ရှေ့နေက စွဲချက်တင်ထားခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်မှုထင်ရှားစီရင်ရန် မပေါ်ပေါက်၍တရားခံများကို အမှုမှ အပြီးအပြတ်လွှတ်ပေးပါရန် လျှောက်လဲတင်ပြထားကြပါတယ်။ နောက်ရုံးချိန်းကိုတော့ ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့ကို ချိန်းဆိုထားပြီး ယင်းနေ့မှာတော့ အပြီးသတ်အမိန် ့ချမှတ်သွားမှာဖြစ်ပါတယ်” ဟု တိုင်းဒေသကြီးတရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ပြောကြားသည်။

ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက မေ ၈ ရက် ရုံးချိန်း၌ အပြီးသတ်လျှောက်လဲရာတွင် ဒေါက်တာလဲ့လဲ့မော်မှာ မြန်မာနိုင်ငံ၌ အမျိုးသမီးဝန် ကြီးချုပ် နှစ်ဦး တာဝန်ထမ်းဆောင်နေသည့်အနက် တစ်ဦးဖြစ်ခဲ့သည့်အပြင် ကျန်းမာရေးအရ ကင်ဆာရော ဂါအတွက် ဆေးဝါးကုသမှု ခံယူနေရသူအမျိုးသမီးတစ်ဦးဖြစ်ကြောင်း၊ စွဲချက်တင်ထားသည့် အမှုများနှင့်ပတ်သက်၍ အမှုမှတရားလိုနှင့် တရားခံပြသက်သေ တစ်ဦးချင်း၏ ထွက်ဆိုချက်များအပေါ် သုံးသပ်ချက်အရ စွဲချက်တင်ထားသည့် အမှုများနှင့်ပတ်သက်၍ ပြစ်မှုထင်ရှားစီရင် သက်သေခိုင်လုံမှု မရှိခြင်းကြောင့် အမှုမှအပြီးအပြတ် လွှတ်ပေးသင့်ကြောင်း၊ GGS ကုမ္ပဏီတာဝန်ရှိသူသုံးဦးမှာလည်း စွဲချက်တင်ထားသည့် အမှုများနှင့်ပတ်သက်၍ ပြစ်မှုထင်ရှားစီရင် သက်သေခိုင်လုံမှုမရှိခြင်းကြောင့် အမှုမှ အပြီးအပြတ် လွှတ်ပေးသင့်ကြောင်း ထည့်သွင်း တင်ပြခဲ့ကြသည်။

အမှုများနှင့်ပတ်သက်၍ တရားလိုဘက်မှ ဥပဒေအရာရှိများက အမှုများ၌ ဒေါက်တာ လဲ့လဲ့မော်မှာ ဝန်ကြီး ချုပ်တစ်ဦးအနေဖြင့် ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်၌ တိုင်းဒေသကြီး လမ်းဦးစီးဌာနသို့ လုပ်ငန်း ၁၁ ခုအတွက် ကျပ် ၁ ဒသမ ၉ ဘီလျံကျော်ကို တစ်လုံးတစ်ခဲတည်း ချထားပေးခြင်းမှာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကို ကျော်လွန်လုပ်ဆောင်ခဲ့ခြင်းနှင့် ထားဝယ်မြို့ဆေးရုံလမ်းရှိ ဒေါက်တာ လဲ့လဲ့မော် ခင်ပွန်းပိုင်မြေနှစ်ကွက်တွင် အုတ်ခြံစည်းရိုးနှင့် ရေမြောင်းပြုလုပ်ရန် လမ်းဦးစီးဌာနထံ အကူအညီတောင်းခဲ့ခြင်း၊ ကျပ်သိန်း ၄၀၀၀ ကုန် ကျခဲ့သည့် ထားဝယ်လေယာဉ်ကွင်း ခြုံနွယ် ရှင်းလင်းခြင်းလုပ်ငန်းအား တင်ဒါမခေါ်ဘဲ F-22 Sunny ကုမ္ပ ဏီကို လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း၊ ကျပ်ရှစ်ဘီလျံကျော် အကြွေးကျန်ခဲ့သည့် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းကို အသေးစိတ် တွက်ချက်၍ သေချာစွာစိစစ်ခြင်းမပြုဘဲ GGS ကုမ္ပဏီအား လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း၊ သရက်ချောင်းမြို ့ရှိ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် နေအိမ်နှင့် ခြံဝင်းကို ကျပ်သိန်း ၂၀၀၀ ဖြင့် GGS ကုမ္ပဏီထံ ရောင်းချခဲ့ပြီး GGS ကုမ္ပဏီနှင့် ယင်းနှင့်ဆက်စပ်သည့် ကုမ္ပဏီများကိုလုပ်ငန်းအချို့ကို တင်ဒါမခေါ်ဘဲ ချထားပေးခဲ့ခြင်းတို့၌ ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တာဝန်ရှိခြင်းနှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံး၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တရားလိုနှင့် တရားခံပြသက်သေများ၏ ထွက်ဆိုချက်အရ ထင် ရှားပေါ်လွင်နေသောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပြစ်ဒဏ်တစ်ရပ်ရပ် ချ မှတ်သင့်ကြောင်း လျှောက်လဲချက်များ ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်းကောင်း၊ Global Grand Services (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပ ဒေ ပုဒ်မ ၅၅၊ ပုဒ်မ ၆၃ ဖြင့်လည်းကောင်း ၂၀၁၉ ခုနှစ် မတ် ၁၀ ရက်က ထားဝယ်မြို့မ ရဲစခန်းတွင် အမှုတွဲလေးခုဖြင့် အမှုဖွင့်ခဲ့ပြီးနောက် အမှု စတင်စွဲဆိုသည့်နေ့မှစ၍ တရားခွင်စစ်ဆေးမှုများ ပြုလုပ်နေသည်မှာ ၁၄ လခန့်ရှိပြီ ဖြစ်သည်။

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ၌ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ သို့မဟုတ် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
Ref ; Eleven

0 comments:

Post a Comment