Tuesday, May 12, 2020

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတက်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များ Facility Quarantine ဝင်ရောက်၍ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စစ်ဆေးရမည်

Image may contain: text that says 'Facility Quarantine Centre များတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ အသွားအလာကန့်သတ်ခြင်း ခံရသူများအနေဖြင့် အောက်ပါ အချက်များကို တိကျစွာ လိုက်နာရန် မေတ္တာရပ်ခံ အပ်ပါသည်။ (က) အသွားအလာကန့်သတ်ခြင်း ခံရသည့်သူများအနေဖြင့် မိမိအိပ်ခန်းအတွင်းသာ နေထိုင်ရမည်။ စားသောက်ခန်းမသို့ သွားရောက်ခြင်း၊ ဧည့်ခန်းသို့ သွားရောက် ခြင်း၊ အခြားအခန်း များသို့ သွားရောက်လည်ပတ်ခြင်းနှင့် ပြင်ပသို့ ထွက်ခွာခြင်း များကို (ခ) အကယ်၍ ဖျားနာခြင်း ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခမ်း စသည့်လက္ခဏာများဖြစ်ပေါ်ပါက ကျန်းမာရေးဆေးခန်းသို့ ချက်ခြင်း ဆက်သွယ် အကြောင်းကြား၍ ဆေးကုသမှုခံယူရပါမည်။ (ဂ) စည်းကမ်းမဲ့ ကွမ်းယာစားခြင်း၊ (ဃ) မေတ္တာရပ်ခံအပ်ပါသည်။ နှာခေါင်းနှင့်အာခေါင်တို့ဖတ် လာရောက်စစ်ဆေးသည့်အခါ ဝေငှထားသည့် စာရွက်နှင့်အတူ ကိုယ်စားလှယ်စစ်ဆေးရေးကဒ်ပြား နိုင်ငံသားမှတ်ပုံတင်ကဒ်အား လူကြီးမင်းနှင့် တစ်ပါတည်း မပျက်မကွက် (မပျက်မကွက်) ယူဆောင်လာခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။'

ယခုလာမည့် မေလ ၁၈ ရက်နေ့တွင် ပြန်လည်စတင်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေလ ၉ ရက်နေ့ကစလို့နေပြည်တော်ကိုရောက်ရှိနေကြပါတယ်။

နေပြည်တော်ကို ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အစည်းအဝေးမတက်ခင် COVID-19 ရော ဂါပိုးရှိမရှိ စစ်ဆေးသွားမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဋ္ဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ကဘီဘီစီကိုပြောပါတယ်။
ဒါအပြင် လွှတ်တော်ကိုယ်စားလှယ်တွေကို မိမိနေထိုင်တဲ့အခန်းမှာပဲ Home Stay ပုံစံသီးခြားစီနေထိုင်ဖို့ကို မေတ္တာရပ်ခံထားတယ်လို လည်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ဆိုပါတယ်။
မကြာခင်စတင်မယ့် လွှတ်တော်အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကိုလာရောက်တဲ့ NLD ပါတီကိုယ်စားလှယ်တွေအနေနဲ့ မိသားစု ခေါ်မလာရဘဲ တစ်ယောက်တည်းလာဖို့ NLD ပါတီက ခေါင်းဆောင်တွေက ညွှန်ကြားထားခဲ့တယ်လို့ သိရပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကတော့ မေလ ၇ ရက်နေ့က ကိုဗစ်နိုင်တင်းရောဂါပိုးရှိမရှိ စစ်ဆေးထားပြီးပိုးတွေ့တဲ့ လူမရှိဘူးလို့ လည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

လွှတ်တော်အစည်းအဝေးခန်းမကိုလည်း အစည်းအဝေးကျင်းပနေစဥ်မှာ တံခါးတွေဖွင့်ထားမှာ ဖြစ်သလို့လွှတ်တော်ကိုယ်စားလှယ်တွေနေနဲ့လည်း တစ်ခုံခြားစီထိုင်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
မေလ ၁၈ ရက်နေ့မှာ ပြန်လည်စတင်မယ့် အစည်းအဝေးမှာ အဓိကအားဖြင့်ဖြည့်စွက်ဘက်ဂျက်တောင်းခံမူ့ကို အဓိက ဆွေးနွေးမှာဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းတွေကချေးယူမယ့် ချေးငွေကိစ္စတို့ ကို အဓိက ထား ဆွေးနွေးမှာဖြစ်ပါတယ်။
အခုပြန်လည်စတင်မယ့် အစည်းအဝေးဟာ နှစ်ပတ်လောက်သာကျင်းပဖို ရှိပြီး NLD ပါတီကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ ဒီတစ်ကြိမ်အစည်းအဝေးကို မတက်ရောက်ကြဘဲ ခွင့်ယူထားကြပါတယ် ။
Image may contain: 2 people, people standing
CRd : BBC

0 comments:

Post a Comment