Tuesday, May 5, 2020

တရုတ်နှင့် မြန်မာ့ကျွမ်းကျင်ပညာရှင်များ COVID19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေး

Image may contain: one or more people

COVID19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အမြင်ချင်းဖလှယ်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးခုတင်(၁၀၀၀)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ဗိုင်းရပ်စ်ပိုးရှာဖွေခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ရောဂါပိုးသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါထိန်းချုပ်ခြင်းဆောင်ရွက်နေမှု၊ ကပ်ရောဂါဆိုင်ရာ စောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်းများ၊ တစ်ဦးချင်း ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ရောဂါကုသခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တပ်မတော်အနေဖြင့် နိုင်ငံအတွင်းCOVID-19 ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါပိုးတွေ့ရှိလူနာများအတွက် ဆေးရုံများနှင့် ဆေးပစ္စည်းကိရိယာများပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး၊ ကာကွယ်တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
တရုတ်နှင့် မြန်မာ့ကျွမ်းကျင်ပညာရှင်များ COVID19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေး


COVID19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး ဆိုင်ရာကိစ္စရပ်များအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ အမြင်ချင်းဖလှယ်ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီးခုတင်(၁၀၀၀)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ဗိုင်းရပ်စ်ပိုးရှာဖွေခြင်းနှင့် အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ရောဂါပိုးသန့်စင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရောဂါထိန်းချုပ်ခြင်းဆောင်ရွက်နေမှု၊ ကပ်ရောဂါဆိုင်ရာ စောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်းများ၊ တစ်ဦးချင်း ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေမှုနှင့် ရောဂါကုသခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေး ကြသည်။
ထို့နောက် မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တပ်မတော်အနေဖြင့် နိုင်ငံအတွင်းCOVID-19 ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါပိုးတွေ့ရှိလူနာများအတွက် ဆေးရုံများနှင့် ဆေးပစ္စည်းကိရိယာများပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး၊ ကာကွယ်တားဆီးရေးနှင့် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment