Monday, May 11, 2020

COVID19 ကို “ကမ္ဘာ့ကပ်ရောဂါ” အဖြစ် သတ်မှတ်မှု အချိန်ဆိုင်းငံ့ရန် WHO ကို တရုတ်ဖိအားပေးခဲ့ဟုဂျာမန်ထောက်လှမ်းရေးအဖွဲ့ ဆို


Image may contain: 1 person, eyeglasses and beard, text that says 'World Health 0 tion'
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros တို့ တယ်လီဖုန်းပြောဆိုဆွေးနွေးစဉ် ရှီကျင့်ပင်က ကိုရိုနာဗိုင်းရပ်ရောဂါ၏ လူအချင်းချင်းကြားကူးစက်မှုအခြေအနေနှင့် ကမ္ဘာအားသတိပေးထုတ်ပြန်မှုအားဆိုင်းငံ့ထားရန် တိုက်တွန်းခဲ့ကြောင်း ဂျာမန်ထောက်လှမ်းရေးအဖွဲ့ Bundesnachrichtendienst’ (BND)က ပြောကြားခဲ့မှုကို ကိုးကားပြီ ဂျာမန်သတင်းစာ Der Spiegel တွင်ရေးသားထားသည်။
တရုတ်၏ သတင်းအချက်အလက်ထိန်ချန်မှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးတွင် သီတင်းပတ် ၄ ပတ်မှ ၆ ပတ်ခန့် နှောင့်နှေးခဲ့ရကြောင်း BND ကခန့်မှန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါသတင်းများနှင့်ပတ်သတ်ပြီး “အခြေအမြစ်မရှိသော သတင်းမှားများ” သာဖြစ်သည်ဟု တုန့်ပြန်ပြောဆိုထားသည်။ ရှီကျင့်ပင်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တို့အကြား ဖုန်းပြောဆိုမှုမရှိခဲ့ကြောင်း၊ အဆိုပါသတင်းများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အဆိုပါ သတင်းများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား “တရုတ်ဗဟိုပြု” အဖွဲ့ဟု ပြောဆိုသုံးနှုန်းသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုများကို အားပေးသကဲ့သို့ရှိနေသည်။ လွန်ခဲ့သည့် ဧပြီလတွင် ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား “တရုတ် ဝါဒဖြန့်ချိရေးအဖွဲ့” ဟုပြောဆိုခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် အမေရိကန်နိုင်ငံ၏ ရန်ပုံငွေထည့်ဝင်မှုအား ရန့်တန့်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Der Spiegel ၏ ဖော်ပြချက်အား ငြင်းဆိုထားသည်။ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများအား ရောဂါဖြစ်ပွားမှုနှင့်ပတ်သတ်ပြီး သတိပေးချက်များထုတ်ပြန်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
crd-News Watch #Myanmar_Online_News

>>zawgyi<<

COVID19 ကို “ကမ္ဘာ့ကပ်ရောဂါ” အဖြစ် သတ်မှတ်မှု အချိန်ဆိုင်းငံ့ရန် WHO ကို တရုတ်ဖိအားပေးခဲ့ဟုဂျာမန်ထောက်လှမ်းရေးအဖွဲ့ ဆို


ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros တို့ တယ်လီဖုန်းပြောဆိုဆွေးနွေးစဉ် ရှီကျင့်ပင်က ကိုရိုနာဗိုင်းရပ်ရောဂါ၏ လူအချင်းချင်းကြားကူးစက်မှုအခြေအနေနှင့် ကမ္ဘာအားသတိပေးထုတ်ပြန်မှုအားဆိုင်းငံ့ထားရန် တိုက်တွန်းခဲ့ကြောင်း ဂျာမန်ထောက်လှမ်းရေးအဖွဲ့ Bundesnachrichtendienst’ (BND)က ပြောကြားခဲ့မှုကို ကိုးကားပြီ ဂျာမန်သတင်းစာ Der Spiegel တွင်ရေးသားထားသည်။

တရုတ်၏ သတင်းအချက်အလက်ထိန်ချန်မှုေြကာင့် ကမ္ဘာ့နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ် ထိန်းချုပ်ရေးတွင် သီတင်းပတ် ၄ ပတ်မှ ၆ ပတ်ခန့် နှောင့်နှေးခဲ့ရကြောင်း BND ကခန့်မှန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဆိုပါသတင်းများနှင့်ပတ်သတ်ပြီး “အခြေအမြစ်မရှိသော သတင်းမှားများ” သာဖြစ်သည်ဟု တုန့်ပြန်ပြောဆိုထားသည်။ ရှီကျင့်ပင်နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တို့အကြား ဖုန်းပြောဆိုမှုမရှိခဲ့ကြောင်း၊ အဆိုပါသတင်းများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကိုဗစ်-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အဆိုပါ သတင်းများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား “တရုတ်ဗဟိုပြု” အဖွဲ့ဟု ပြောဆိုသုံးနှုန်းသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုများကို အားပေးသကဲ့သို့ရှိနေသည်။ လွန်ခဲ့သည့် ဧပြီလတွင် ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား “တရုတ် ဝါဒဖြန့်ချိရေးအဖွဲ့” ဟုပြောဆိုခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွက် အမေရိကန်နိုင်ငံ၏ ရန်ပုံငွေထည့်ဝင်မှုအား ရန့်တန့်ခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း Der Spiegel ၏ ဖော်ပြချက်အား ငြင်းဆိုထားသည်။ တရုတ်နိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များအား အချိန်နှင့် တပြေးညီထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများအား ရောဂါဖြစ်ပွားမှုနှင့်ပတ်သတ်ပြီး သတိပေးချက်များထုတ်ပြန်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။
crd-News Watch #Myanmar_Online_News

0 comments:

Post a Comment