Monday, May 11, 2020

COVID ထိန်းချုပ်ရေးကမ္ဘာ့ပညာရှင်များ၏အကြုံပြုချက်အားလုံး ယခင်ကတည်းကလုပ်ဆောင်ပြီးသားဖြစ်၍ ဂုဏ်ယူနိုင်ပြီဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

Image may contain: 1 person, sitting

COVID-19သက်တမ်း ငါးလထဲရောက်ချိန်တွင်ကမ္ဘာ့တစ်ဝန်း ပညာရှင်ကြီးများက ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အစီအစဉ်များနှင့် ပတ်သက်၍ အကြံပြုချက်အားလုံးလိုလိုသည် မြန်မာနိုင်ငံကလုပ်ဆောင်ပြီးသားများဖြစ်သဖြင့် ဂုဏ်ယူနိုင်ပြီဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

"ယခု COVIDသက်တမ်း (၅)လထဲရောက်ချိန်မှာ ကမ္ဘာ့တစ်ဝန်း ပညာရှင်ကြီးများက ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ဘယ်လိုအစီအစဉ်တွေ လုပ်သင့်တာနဲ့ ပတ်သက်လို့ အကြံတွေပြုကြပါတယ်။ အကြံပြုချက်အားလုံးလိုလိုက ကျွန်မတို့ စောစောကတည်းက လုပ်ဆောင်ထားပြီးကိစ္စတွေပါ။ ကျွန်မတို့ဂုဏ်ယူနိုင်ပါတယ်။ဒါပေမဲ့ အတိတ်အတွက် ဂုဏ်ယူတာထက် အနာဂတ်အတွက် ပြင်ဆင်ဖို့က ပိုအရေးကြီးပါတယ်။ နိုင်ငံရဲ့ လူမှုရေး၊ စီးပွါးရေးလိုအပ်ချက်တွေကို နောက်လာမယ့် လတွေကိုသာမက covid အပြီးခေတ် ကမ္ဘာကိုပါ မျှော်မှန်းကြည့်ပြီး တွက်ဆပြင်ဆင်ရပါမယ်။ ပြည်သူများရဲ့ လိုအပ်ချက်နဲ့ ခံနိုင်ရည်ကိုချိန်ဆပြီး ရှေ့ကို ဆက်လှမ်းကြရမှာပါ"ဟု၎င်း ၏လူမှာကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
ထို့အပြင်သူမကိုယ်တိုင် ပြည်သူများအတွက် ကိုယ်တိုင်ချုပ် Mask Challenge အတွက် အမျိုးသားများပါဝင်ရန်လည်း တိုက်တွန်းထားသည်။
COVID19ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး လျှော့ပေးနိုင်သည့် နေရာများတွင် လျှော့ပေးပြီး အကျိုးဆက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း ၊ ပြည်သူများကလည်း နိုးကြားတက်ကြွစွာ “ငါတို့ပါမှ ဖြစ်မယ်” ဆိုသည့်အသိဖြင့် စိန်ခေါ်မှများကို ကူညီကျော်လွှားပေးကြပါဟုလည်း ရေးသားထားသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment