Sunday, May 10, 2020

ကချင်ပြည်နယ်က Covid-19 အတည်ပြုလူနာ မနက်ဖြန် ဆေးရုံဆင်းမည်

Image may contain: text
မိုးညှင်းက Covid-19 လူနာအမှတ် ၁၄၄​ကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာ ပိုးမတွေ့ သဖြင့် ဆေးရုံမှဆင်းနိုင်တော့မည်ဖြစ်ကြောင်း မြစ်ကြီးနား ဆေးရုံအုပ်ကြီးထံက သိရသည်။

လာမည့် တနင်္လာနေ့တွင် ဆေးရုံမှ ဆင်းကာ Facility Qurantineအဖြစ်သတ်မှတ်ထားသော နေရာတွင် နှစ်ပတ် နေထိုင်ပြီးမှ သာ နေအိမ်သို့ ပြန်နိုင်မည် ဖြစ်ကြောင်း မြစ်ကြီးနား ဆေးရုံအုပ်ကြီး ဒေါက်တာ ဘုန်းမော် ကပြောသည်။
"ဆေးရုံက ဆင်ပြီး ဒီကစီစဉ်ပေးတဲ့ facility Qurantine မှာ နှစ်ပတ်ထားပြီး ကျန်းမာရေး ပြန်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုတော့မှ အိမ်ပြန်မှာပေါ့"ဟု ဒေါက်တာ ဘုန်းမော် ကပြောသည်။
ကချင်ပြည်နယ်က ပထမဆုံး ပိုးတွေ့လူနာဖြစ်သည့် လူနာအမှတ် ၁၄၄သည် ရန်ကုန် လှိုင်သာယာ ဖိနပ်ချုပ် စက်ရုံတွင် တရုတ် စကားပြန်အဖြစ် လုပ်ကိုင်သူ ဖြစ်ပြီး ချောင်းဆိုးသည့် ရောဂါ လက္ခဏာများ ပေါ်ပေါက်လာမှုကြောင့် ဧပြီလ ၁၆ရက်နေ့တွင် ကားစင်းလုံးငှားကာ မိုးညှင်းမြို့ Facility Quarantine ထားရှိရာ မိုးညှင်းပုညရှင်စက္ခုပါလဆေးရုံသို့ ရောက်ရှိခဲ့သည်။
ဓာတ်ခွဲ အဖြေအရ ပိုးတွေ့ရှိသဖြင့် ဧပြီ ၂၅ ရက်နေ့က မိုးညှင်းဆေးရုံကြီးမှ မြစ်ကြီးနားသို့ လွှဲပြောင်း ကုသခဲ့ခြင်း ဖြစ်သည်။
Ref ; Myitkyina News Journal

0 comments:

Post a Comment