Sunday, May 10, 2020

တရုတ်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရမှုအသစ် ၁၄ ခုရှိပြီးစိုးရိမ်ဖွယ်ရာများနှင့် ပြန်လည်ရင်ဆိုင်နေရ

Image may contain: one or more people, people standing, people walking and outdoor
မေလ ၉ ရက်နေ့၌ တရုတ်နိုင်ငံတွင် COVID-19 ရောဂါထပ်မံကူးစက်ခံရမှုပေါင်း ၁၄ ခုရှိကြောင်းထုတ်ပြန်ခဲ့ပြီး ဧပြီလ ၂၈ရက်နေ့မှစ၍ အမြင့်ဆုံးအရေအတွက်တစ်ခု ဖြစ်ကြောင်း မေလ ၁၀ ရက်နေ့တွင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ အတည်ပြုခဲ့ပါသည်။

ရောဂါကူးစက်ခံရမှုအနက် ၂ ခုမှာ ပြည်ပမှကူးစက်ခံခဲ့ရပြီး Jilin ပြည်နယ် အရှေ့မြောက်ပိုင်းမှ ကူးစက်ခံရမှု ၁၁ ခုအပါအဝင် ကျန်၁၂ ခုမှာ ပြည်တွင်းမှ ကူးစက် ခံရမှုဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
ကျန်းမာရေးကော်မရှင်၏ထုတ်ပြန်ချက်အရ ရောဂါလက္ခဏာမပြဘဲပိုတွေ့လူနာ ၂၀ရှိပြီး ၎င်းမှာ မေလ ၁ ရက်နေ့မှစ၍ အမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်းသိရှိရပါ သည်။သေဆုံးမှုအသစ်မရှိကြောင်းထုတ်ပြန်ကြေညာထားပါသည်။
မေလ ၉ ရက်နေ့အထိ တစ်နိုင်ငံလုံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှု ပေါင်း ၈၂,၉၀၁ ရှိပြီး သေဆုံးမှုမှာ ၄,၆၃၃ ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment