Wednesday, May 13, 2020

Covid-19 ကူးစက်ရောဂါကြောင့် အရှုံးပေါ်နေသည့် အင်းခရမ်းတောင်သူများ

Image may contain: outdoor and water
မြန်မာတနိုင်ငံလုံး တင်ပို့ ရောင်းချနေသည့် သျှမ်းပြည် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးကန် တွင် စိုက်ပျိုးသည့် ခရမ်းချဉ်သီးများ ယခုနှစ် ကိုဗစ်-၁၉ ကြောင့် အရှုံးပေါ် မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်။

အင်းလေးကန် အတွင် ကျွန်းမျော ခရမ်းချဉ်သီး စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုသည့် ကေလာကေလာကျေးရွာ နှင့် ကျေးစားကုန် ကျေးရွာတို့တွင် အများဆုံး စိုက်ပျိုးကြသည်။
ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်ရေးပိုင်းမှာ နှောင့်နှေးကာ လွန်ခဲ့သည့် ရက်တပတ်တွင် ခရမ်းချဉ်သီး ပုတ်မှုများပြီး ခရမ်းချဉ်သီး စိုက်တောင်သူများ အရင်းမရရှိခဲ့ပေ။
Image may contain: sky and outdoor
Image may contain: plant, sky, outdoor, nature and water
Image may contain: 1 person, plant, outdoor and nature
သတင်း၊ ဓာတ်ပုံ နန်းဆိုင်ဖူး/ SHAN News

0 comments:

Post a Comment