Sunday, May 10, 2020

ဒေါက်တာ ခင်ခင်ကြီး ရေးသားသော Covid-19 လူနာများအကြောင်း

Image may contain: text that says 'Update'


မြန်မာနိုင်ငံတွင်လည်း ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၇၈ ဦးရှိပြီး ပြည်ပနိုင်ငံများမှ ကူးစက်ဖြစ်ပွားသူ ၂၆ ဦး (၁၅ရာနှုန်း) နှင့်နိုင်ငံတွင်း ဖြစ်ပွားသူ ၁၅၂ ဦး (၈၅ရာနှုန်း) ရှိပါသည်။
အနီးကပ်ထိတွေ့သူ ၁၃၈ ဦး (၇၈ရာနှုန်း) ၁၄ ဦးတွင် ခရီးသွားရာဇဝင် သို့ ထိတွေ့မှု ရာဇဝင်မရှိပါ။ ရောဂါလက္ခဏာ မရှိသူ ၁၀၉ ဦး (၆၁ရာနှုန်း)၊ ရောဂါလက္ခဏာပြသူ ၆၇ ဦး (၃၈ရာနှုန်း)၊ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါလက္ခဏာပြသူ ၂ ဦး (၁ရာနှုန်း)၊ စုစုပေါင်း စမ်းသပ်ဓာတ်ခွဲနမူနာပေါင်း ၁၁,၂၂၂ ဓာတ်ခွဲရာတွင် ပိုးတွေ့ရှိနှုန်း ၁.၆ ရာနှုန်း နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၇၂ ဦးရှိပါသည်။
ရောဂါပိုးကင်းစင်ပြီး ဆေးရုံမှဆင်းခွင့်ရသူ ၅၅ ဦး ရှိပါသည်။ ၎င်းတို့မှာ
၁,၂,၃,၄,၆,၇,၈,၉,၁၀,၁၁,၁၂,၁၃,၁၄,၁၅,၁၈,၁၉,၂၀,၂၁,၂၄,၂၅,၂၇,၂၉,၃၂,၃၃,၃၇,၃၈,၄၁,၄၇,၅၀,၅၁, ၅၃, ၅၄,၅၈ ,၆၂,၆၉,၇၀,၇၁,၇၃,၇၄,၇၅,၇၆,၈၀,၈၄,၈၅,၉၄,၉၉, ၁၀၃,၁၀၄, ၁၀၅,၁၀၈, ၁၀၉,၁၁၈, ၁၂၀, ၁၃၂,၁၄၃ တို့ဖြစ်ကြသည်။

နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသော်လည်း ဆေးရုံတွင် ဆက်လက်ဆေးကုသမှုခံယူသူ ၁၇ ဦးရှိပါသည် ၎င်းတို့မှာ
၂၂,၂၆,၄၅,၄၆,၆၃,၆၆,၇၂,၇၉,၈၁,၉၀,၉၆,၉၈,၁၁၁,၁၂၆,၁၄၁,၁၄၂,၁၄၄ ဖြစ်ပါသည်
သေဆုံးသူ စုစုပေါင်း ၆ ဦး (၅,၁၆,၁၇,၃၉,၈၆,၁၁၀)
သေဆုံးနှုန်း ၃.၄ ရာနှုန်း
အထူးကြပ်မတ်ကုသပေးသူ ၂ ဦး (၂၈,၈၇)
တိုင်းဒေသကြီး/ပြည်နယ်များရှိ သတ်မှတ်နေရာ ၉,၄၇၈ တွင် စောင့်ကြပ်ကြည့်ရှုထားသူ ၅၇,၇၉၀ ဦး ရှိပါသည်။
Source - khin khin gyi

0 comments:

Post a Comment