Saturday, May 9, 2020

COVID-19ကူးစက်ပျံ့ပွားမှု လျင်မြန်နေသော အမေရိကန်နိုင်ငံတွင် ဒုသမ္မတ၏ ပြန်ကြားရေးအရာရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြန်

Image may contain: 1 person
အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်ရဲ့ ပြန်ကြားရေးအရာရှိအမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ရိုက်တာသတင်းက မေလ ၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။
သမ္မတထရမ့်ရဲ့ အကြံပေးလည်းဖြစ်တဲ့ စတီဖင်မေလာရဲ့ ဇနီးဖြစ်သူ ကေတီမေလာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သမ္မတဒေါ်နယ်ထရမ့်ကလည်း မနေ့က အတည်ပြု ထုတ်ဖော်ထားပါတယ်။

အစိုးရထိပ်တန်းအရာရှိတွေကတော့ သမ္မတထရမ့်နဲ့ ဒုသမ္မတမိုက်ပန့်စ်တို့ဟာ အဲဒီအမျိုးသမီးနဲ့ ဒီရက်ပိုင်းတွေအတွင်း ထိတွေ့ဆက်သွယ်မှု မရှိထားဘူးလို့ ဆိုပါတယ်။
စီအန်အန်သတင်းတရပ်ကတော့ မစ္စမေလာဟာ အိမ်ဖြူတော်ဝန်ထမ်းတွေထဲ ဒုတိယမြောက် ကူးစက်ခံရသူ ဖြစ်တယ်လို့ ဆိုထားပါတယ်။
မစ္စမေလာနဲ့သူ ထိတွေ့မှုမရှိပေမဲ့ ဒုသမ္မတမိုက်ပန့်စ်နဲ့ ထိတွေ့မှုတော့ ရှိထားတယ်လို့ သမ္မတ ထရမ့်က အတည်ပြုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာဦးရေဟာ ၁ သန်း ၃ သိန်းကျော်နဲ့ သေဆုံးသူဦးရေက ၇ သောင်း ၈ ထောင်ကျော်သွားပြီလို့ သိရပါတယ်။
crd : DVB

0 comments:

Post a Comment