Sunday, May 10, 2020

COVID-19 ထပ်တိုးလူနာ(၂) ဦးထပ်တိုးပြီး စုစုပေါင်း (၁၈၀) ဦးအထိမြှင့်တက်လာသော မြန်မာနိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ

No photo description available.
၁။ (၁၀-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၀) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၁၅) ခု၊ စုစုပေါင်း (၂၀၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ -
• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂)ဦး တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ပါ၍ (၁၀-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၈၀) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case - 98, 141, 142 နှင့် 144) ရှိခဲ့သဖြင့် ရောဂါပိုးကင်းစင်လာသူစုစု ပေါင်း (၇၂) ဦးရှိပြီဖြစ်ပါသည်။ ၎င်းတို့အနက် (၅၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၉-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၀-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၇၈) ဦး ရှိပါသည်။
No photo description available.
No photo description available.
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

0 comments:

Post a Comment