Thursday, May 7, 2020

COVID- 19 နဲ့ရင်ဆိုင်နေရချိန်မှ ဗုဒ္ဓအဆုံးအမတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း

Image may contain: 1 person, beard
ကမ္ဘာတဝှမ်းမှာ အခုလို COVID- 19 ကပ်ရောဂါဆိုးကြီးနဲ့ရင်ဆိုင်နေရချိန်မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကဆုန်လပြည့်နေ့မှာ ပြောကြားလိုက်ပါတယ်။

“ ကမ္ဘာတဝှမ်း အခြေအနေတွေ မတည်မငြိမ် နဲ့ ၀ရုန်းသုန်းကားဖြစ်နေချိန်မှာ ၊ အချိန်အတော်များများ ဝမ်းနည်းပူဆွေးတာတွေ၊ စိတ်ပျက်အားလျော့တာတွေ ၊ မျှော်လင့်ချက်မဲ့တာတွေကို အလွန်ခံစားကြရပါတယ်။ အဲဒီလိုအချိန်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။”
ကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာဘုရားကို ဖွားမြင်တော်မူတဲ့နေ့ဖြစ်သလို၊ ဘုရားအဖြစ်ကိုရောက်တဲ့နေလည်းဖြစ်တဲ့အပြင်၊ ပရိနိဗ္ဗာန်စံတဲ့နေ့လည်းဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာနေ့ တနေ့ဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တနိုင်ငံလုံးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“လူတွေအနေနဲ့ အခုလို အခက်အခဲ ဒုက္ခတွေကို ကျော်လွှား ရုန်းထွက် နိုင်ဖို့အတွက် အမြဲတမ်းကြိုးပမ်းနေရမယ်လို့ ဗုဒ္ဓက ဆုံးမပြောကြားခဲ့ပါတယ်။ လူတွေအနေနဲ့ ဒါတွေကို စိတ်ပျက်နေလို့မရပါဘူး။ ဒီကနေ့လို အချိန်မှာဆိုရင်လည်း ကျနော်တို့ အားလုံးဟာ ဒီလို အခက်အခဲကြုံနေရတဲ့ ကာလကြီးကနေ ရုန်းထွက်နိုင်ဖို့ အဆက်မပြတ်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။”
နှစ်စဉ်နှစ်တိုင်း အခုလို ကဆုန်လပြည့်နေနဲ့ ကဆုန်ညောင်ရေသွန်းပွဲ ကာလအတွင်း ၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ၁ သိန်းလောက်ဟာ ဂေါတမမြတ်စွာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့ကို ဘုရားဖူးခရီးအဖြစ် သွားလေ့ရှိကြပြီး မဟာဗောဓိကျောင်းဆောင် နဲ့ ဘုရားအဖြစ်ရောက်ရှိတော်မူတဲ့ ဗောဓိညောင်ပင်တွေကို သွားရောက်ရှိခိုးပူဇော်လေ့ရှိကြပေမယ့် အခုနှစ်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက် ဗုဒ္ဓဘာသာဘုန်းကြီးတချို့ နဲ့ ဘုရားဖူးတချို့ပဲ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။
Image may contain: one or more people and people standing

>>zawgyi<<
COVID- 19 နဲ့ရင်ဆိုင်နေရချိန်မှ ဗုဒ္ဓအဆုံးအမတွေကို သတိရကြဖို့ အိန္ဒိယဝန်ကြီးချုပ် တိုက်တွန်း
Friday, May 8, 2020

ကမ္ဘာတဝှမ်းမှာ အခုလို COVID- 19 ကပ်ရောဂါဆိုးကြီးနဲ့ရင်ဆိုင်နေရချိန်မှာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆုံးအမတွေက ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားဖို့အတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီက ကဆုန်လပြည့်နေ့မှာ ပြောကြားလိုက်ပါတယ်။
“ ကမ္ဘာတဝှမ်း အခြေအနေတွေ မတည်မငြိမ် နဲ့ ၀ရုန်းသုန်းကားဖြစ်နေချိန်မှာ ၊ အချိန်အတော်များများ ဝမ်းနည်းပူဆွေးတာတွေ၊ စိတ်ပျက်အားလျော့တာတွေ ၊ မျှော်လင့်ချက်မဲ့တာတွေကို အလွန်ခံစားကြရပါတယ်။ အဲဒီလိုအချိန်မှာ ဗုဒ္ဓရဲ့ အဆုံးအမတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။”
ကဆုန်လပြည့်နေ့ဟာ ဂေါတမမြတ်စွာဘုရားကို ဖွားမြင်တော်မူတဲ့နေ့ဖြစ်သလို၊ ဘုရားအဖြစ်ကိုရောက်တဲ့နေလည်းဖြစ်တဲ့အပြင်၊ ပရိနိဗ္ဗာန်စံတဲ့နေ့လည်းဖြစ်တာကြောင့် ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားရာနေ့ တနေ့ဖြစ်ပြီး၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တနိုင်ငံလုံးကို အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“လူတွေအနေနဲ့ အခုလို အခက်အခဲ ဒုက္ခတွေကို ကျော်လွှား ရုန်းထွက် နိုင်ဖို့အတွက် အမြဲတမ်းကြိုးပမ်းနေရမယ်လို့ ဗုဒ္ဓက ဆုံးမပြောကြားခဲ့ပါတယ်။ လူတွေအနေနဲ့ ဒါတွေကို စိတ်ပျက်နေလို့မရပါဘူး။ ဒီကနေ့လို အချိန်မှာဆိုရင်လည်း ကျနော်တို့ အားလုံးဟာ ဒီလို အခက်အခဲကြုံနေရတဲ့ ကာလကြီးကနေ ရုန်းထွက်နိုင်ဖို့ အဆက်မပြတ်ကြိုးပမ်းနေကြတာဖြစ်ပါတယ်။”
နှစ်စဉ်နှစ်တိုင်း အခုလို ကဆုန်လပြည့်နေနဲ့ ကဆုန်ညောင်ရေသွန်းပွဲ ကာလအတွင်း ၊ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ၁ သိန်းလောက်ဟာ ဂေါတမမြတ်စွာ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမြို့ကို ဘုရားဖူးခရီးအဖြစ် သွားလေ့ရှိကြပြီး မဟာဗောဓိကျောင်းဆောင် နဲ့ ဘုရားအဖြစ်ရောက်ရှိတော်မူတဲ့ ဗောဓိညောင်ပင်တွေကို သွားရောက်ရှိခိုးပူဇော်လေ့ရှိကြပေမယ့် အခုနှစ်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ခရီးသွားလာမှု ကန့်သတ်ထားတဲ့အတွက် ဗုဒ္ဓဘာသာဘုန်းကြီးတချို့ နဲ့ ဘုရားဖူးတချို့ပဲ ဝတ်ပြုဆုတောင်းခဲ့ကြပါတယ်။

0 comments:

Post a Comment