Friday, May 8, 2020

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်အထောက်အကူပြုအဖွဲ့များ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်

Image may contain: one or more people, people standing and outdoor

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များအား COVID-19 ရောဂါနှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းအား မေ ၇ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။

စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါတပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦး၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆၁ ဦး၊ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များဖြစ်သော ရုံးတာဝန်ကျ ၄ ဦး၊ စားရိပ်သာတာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦး၊ ဆေးအကာကွယ်တာဝန်ကျ ၃ ဦး စုစုပေါင်း ၂၁၉ ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်းသိရသည်။
ထို့ပြင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးခြားစောင့်ကြည့် ထားသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် ၁၄ ဦးကိုလည်း နေပြည်တော်၊ တပ်မတော် ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိ (မရှိ)ကြောင်း သတင်းရရှိသည်။
No photo description available.

>>zawgyi<<
လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်အထောက်အကူပြုအဖွဲ့များ COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်
Friday, May 8, 2020

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့်အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များအား COVID-19 ရောဂါနှင့်ပတ်သက်၍ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများရယူပြီး နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းအား မေ ၇ ရက်တွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါတပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁၄ ဦး၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၆၁ ဦး၊ အုပ်ချုပ်မှုအထောက်အကူပြုအဖွဲ့များဖြစ်သော ရုံးတာဝန်ကျ ၄ ဦး၊ စားရိပ်သာတာဝန်ကျ ၂၆ ဦး၊ ယာဉ်မောင်း ၁၁ ဦး၊ ဆေးအကာကွယ်တာဝန်ကျ ၃ ဦး စုစုပေါင်း ၂၁၉ ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိ(မရှိ)ကြောင်းသိရသည်။
ထို့ပြင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးခြားစောင့်ကြည့် ထားသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် ၁၄ ဦးကိုလည်း နေပြည်တော်၊ တပ်မတော် ဆေးရုံကြီးရှိ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိမှု မရှိ (မရှိ)ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment