Monday, May 11, 2020

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှလှူဒါန်းသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ အထောက်အကူပြုဆေးပစ္စည်းများ ပေးအပ်လှူဒါန်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

Image may contain: 1 person, sitting

COVID-19 a ရောဂါကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့သည် နယ်မြေခံဆေးအဖွဲ့များနှင့်ပူးပေါင်း၍ COVID-19 a ရောဂါ အထောက်အကူပြုဆေးပစ္စည်း များ လှူဒါန်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် ယနေ့တွင် ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီတောရ ကျောင်းတိုက်၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြတောင်ကျောင်းတိုက်၊ တောင်ကုတ်မြို့ရှိ ကံပိုင် မဟာဝိဟာရကျောင်းတိုက်၊ စေတျာရာမကျောင်းတိုက်၊ အာလိန်ငါးဆင့်ကျောင်းတိုက်၊ ဗောဓျာ ရာမကျောင်းတိုက်၊ သန္တိသုခဓမ္မာရုံတပ်ဦးကျောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ရွှေမေတ္တာ ဘိုးဘွားရိပ်သာ၊ ကက်သလစ်သာသနာစိန်အလွှိုက်ရှက်(စ်)သီလရှင်ကျောင်းတိုက်၊ ရသေ့တောင် မြို့ ပြည်သူ့ဆေးရုံ၊ တောင်လှမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ပုဏ္ဍားကျွန်းမြို့ ပြည်သူ့ဆေးရုံနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းတို့သို့ သွားရောက်၍ တပ်မတော်ကလှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊N95 Maskများ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး လက်အိတ် (Surgical Gloves)များ၊ မျက်မှန် (Goggles)များ၊ Non Contact Thermomerer များ၊ Hand Sanitizer များ၊ Bleaching Powder များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများအား အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် ဆေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ တိုက်ပွဲရှောင်ပြည်သူများ၊ အခြားဘာသာရေးအဖွဲ့များနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြခြင်းများ ဆောင်ရွက်ပေးပြီး အများပြည်သူ အသုံးပြုလျက်ရှိသော နေရာများ၌ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
Image may contain: one or more people and people standing
Image may contain: 2 people, people standing
Image may contain: people standing, sky and outdoor
Image may contain: one or more people, house, tree, plant and outdoor
Image may contain: one or more people and outdoor
Source : တပ်မတော် #Myanmar_Online_News

0 comments:

Post a Comment