Tuesday, May 12, 2020

COVID-19ရောဂါဖြစ်ပွားပြီးနောက် ဟူပေပြည်နယ် ပထမဆုံးအပြည်ပြည်ဆိုင်ရာ ကုန်တင်ပုံမှန်လေကြောင်းလိုင်း ဖွင့်လှစ်

No photo description available.
မေလ ၁၀ရက်နေ့ညနေပိုင်းက တရုတ်နိုင်ငံဟူပေပြည်နယ် ဝူဟန့်မြို့မှ ဂျပန်နိုင်ငံ Osakaမြို့သို့ ပြေးဆွဲသောကုန်တင်လေယာဉ်သည် ထျန်ဟိုအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါပျံသန်းခဲ့ကြောင်း၊ ယင်းသည် COVID-19ရောဂါဖြစ်ပွားပြီးနောက် ဟူပေပြည်နယ်မှ ပထမဆုံးအပြည်ပြည်ဆိုင်ရာကုန်တင်ပုံမှန်လေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်ခြင်းကို ပြသနေကြောင်းသိရပါသည်။

ယင်းလေကြောင်းလိုင်းအတိုင်း ပြေးဆွဲသော လေယာဉ်များသည် ဂျပန်နိုင်ငံသို့ ပျံသန်းသွားရောက်သောအချိန်တွင် ကူးစက်ရောဂါ ကာကွယ်ရေးပစ္စည်းများကို အဓိကထားပို့ဆောင်၍ နိုင်ငံဖြတ်ကျော် အွန်လိုင်းရောင်းချ သောကုန်ပစ္စည်းများကိုဆောင်ကြဉ်းပြန်လာကြောင်း၊ ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ကုန်ကျစရိတ်သည် အရင်တုန်းကထက် ရာခိုင်းနှုန်း ၂၀လျော့နည်းကြောင်း၊ မကြာခင်က လုပ်ငန်း ပြန်လည်ဆောင်ရွက်မှုနှင့် ကုန်ထုတ်လုပ်မှုပြန်လည်လည်ပတ်မှုကိုအထောက်အကူပြုရန် အတွက် ဝူဟန့်မြို့သည် နိုင်ငံများစွာသို့ ပျံသန်းသည့် “ခရီးသည်တင်လေယာဉ်ကို တပ်ဆင်မှု ပြုပြင်ပြီး ဖြစ်လာသော စင်းလုံးငှါး ကုန်တင် လေယာဉ်များ”ကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်ကြောင်း China Media Group မှ သတင်းအရသိရပါသည်။
Crd : CRI Myanmar

0 comments:

Post a Comment