Thursday, May 7, 2020

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၁၇၆)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂ သိန်း ၇ သောင်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၄ သန်းနီးပါးအထိရှိလာ

Image may contain: text
တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၈ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း(၂၇၀,၆၈၃) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၃,၉၁၅,၆၃၆) ဦး ကူးစက်ခံထားရကြောင်း သိရသည်။

မြန်မာနိင်ငံတွင် (၂၃-၃-၂၀၂၀) ရက်နေ့မှ (၇-၅-၂၀၂၀)ရက်နေ့၊ ည (၈:၀၀) အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၇၆)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၆၂)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
No photo description available.
No photo description available.
No photo description available.

0 comments:

Post a Comment