Sunday, May 17, 2020

စင်္ကာပူနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆၈၂ ဦး ရှိကြောင်း စင်္ကာပူ နိုင်ငံမှ ထုတ်ပြန်ကြေညာ

Image may contain: one or more people and outdoor

မေလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီတွင် စင်္ကာပူနိုင်ငံ၌ COVID-19 ရောဂါ ထပ်မံ ကူးစက်ခံရသူ ၆၈၂ ဦး ရှိပြီး ကူးစက်ခံရသူ စုစုပေါင်း ၂၈,၀၈၃ ဦး ရှိကြောင်း စင်္ကာပူ နိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့ပါသည်။

Coronavirus ရောဂါ ထပ်မံကူးစက်ခံရသူအများအပြားသည် နိုင်ငံခြားအလုပ် သမား အိပ်ဆောင်များတွင် နေထိုင်လျက်ရှိသော အလုပ်လုပ်ကိုင်ရန် တရားဝင်ခွင့်ပြု ထားသည့် စာရွက်စာတမ်းကိုင်ဆောင်ထားသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ ပြောကြားခဲ့ပါသည်။
ကူးစက်ခံရသူ ၄ ဦးမှာ စင်္ကာပူနိုင်ငံသားများ သို့မဟုတ် အမြဲတမ်းနေထိုင်သူများ ဖြစ်ပါသည်။
မေလ ၁၇ ရက်နေ့ ကူးစက်ခံရမှုများနှင့်ပတ်သက်သည့် သတင်းအချက်အလက် များအား နောက်ပိုင်းတွင် ကြေညာသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထပ်မံ ပြောကြားခဲ့ပါသည်။
မေလ ၁၆ ရက်နေ့တွင် စင်္ကာပူနိုင်ငံသည် Coronavirus ရောဂါ ကူးစက် ခံရမှုကြောင့် ၂၂ ယောက်မြောက် သေဆုံးသူကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
ရောဂါ ကူးစက်ခံရသူ ၁,၅၁၆ ဦးမြောက်ဖြစ်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါနှင့် သွေးထဲတွင် ကိုလက်စထရောဓာတ်များသည့် ရောဂါ (hyperlipidaemia) များ ရှိခဲ့ပါသည်။
၎င်းသည် ဧပြီလ ၇ ရက်နေ့ COVID-19 ရောဂါ ရှိကြောင်း အတည်ပြုခဲ့ပြီး မေလ ၁၅ ရက်နေ့တွင် သေဆုံးခဲ့ပါသည်။
ရောဂါ ကူးစက်ခံရသူ ၁၀ ဦး အောက်လျော့ကျလာသည့်အတွက် အာဏာပိုင် များသည် စီးပွားရေးလုပ်ငန်းအများစုအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုခြင်း ကဲ့သို့သော အချို့ “circuit breaker” ဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချပေးခဲ့ပါသည်။
သို့သော် အချို့သော ဆောက်ရွက်မှုများအား လျှော့ချခဲ့သည့်အတွက် COVID-19 ရောဂါ ကူးစက်ခံရမှု တိုးပွားလာနိုင်သည့် အလားအလာရှိကြောင်း၊ ထို့ကြောင့် ဆောင်ရွက်မှုများအား ဂရုတစိုက်ဖြင့် တဖြည်းဖြည်းလျှော့ချရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီး Gan Kim Yong မှ မေလ ၁၅ ရက်နေ့က သတိပေးပြောကြား ခဲ့ပါသည်။
“ မိမိတို့အနေဖြင့် ဂရုတစိုက်မပြုလုပ်လျှင် ရောဂါဖြစ်ပွားမှုအရေအတွက် များပြားလာမည်ဖြစ်ပြီး အစုလိုက်အပြုံလိုက် ကူးစက်မှုများ ထပ်မံဖြစ်ပေါ်လာမည် ဖြစ်ကြောင်း” ၎င်းမှ ပြောကြားခဲ့ပါသည်။
Image may contain: 1 person, skyscraper, sky, shoes, outdoor and water
crd-Channel News Asia #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment