Wednesday, May 13, 2020

တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

Image may contain: one or more people and outdoor
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ CoVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မေ ၇ ရက်က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် ၅၇ မြို့နယ်ရှိ နေရာ ၁၁၅ နေ ရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်းကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၆၆ ဂါ လန်၊ ပိုးသတ်ဆေးမှုန့် ၂၁ ကီလိုဂရမ်၊ ရေ ၅၂၂၀ ဂါလန်သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အလားတူ မေ ၈ ရက်က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ် ၅၂ မြို့နယ်ရှိ နေရာ ၁၀၂ နေရာများတွင် မီးသတ်ယာဉ်များ၊ မီးသတ်ပစ္စည်း ကိရိယာများဖြင့် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၇၅ ဂါလန်၊ ပိုးသတ်ဆေးမှုန့် ၇ ကီလိုဂရမ်၊ ရေ ၄၉၂၀ ဂါလန် သုံးစွဲခဲ့ပြီး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
Image may contain: one or more people, people standing and outdoor
Image may contain: one or more people and people standing
Image may contain: one or more people
Image may contain: one or more people and outdoor
Image may contain: outdoor
Image may contain: house and outdoor
သတင်းစဉ်

0 comments:

Post a Comment