Friday, May 15, 2020

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်နေစဉ် COVID-19 ရောဂါပိုး တွေ့ရှိရသည့် အရာရှိများနှင့် ထိတွေ့ခဲ့သည့် မြန်မာ့တပ်မတော်သင်တန်းသားအရာရှိများတွင် ရောဂါပိုးတွေ့ရှိရခြင်း မရှိ

Image may contain: text

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိများအနက် သင်တန်းသား ၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးမှုများအရ ၎င်းတို့ ၅ ဦးအနက် ၄ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရ တော့ဘဲ ပျောက်ကင်းခဲ့ကြောင်း၊ ကျန် ၁ ဦးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထပ်မံရရှိသည့်သတင်းများအရ အဆိုပါသင်တန်းသား ၅ ဦးနှင့် ထိတွေ့ခဲ့သည့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ ၃ ဦးအား မော်စကိုမြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွင် ရုရှားကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၃ ဦးလုံးတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိသဖြင့် မေ ၁၄ ရက်တွင် ဆေးရုံမှဆင်းပေးခဲ့ကြောင်း သိရှိရသည်။
ကျန်ရှိသည့် ရောဂါပိုးတွေ့ရှိရသူ အရာရှိ ၁ ဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်းနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

>>zawgyi<<
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်နေစဉ် COVID-19 ရောဂါပိုး တွေ့ရှိရသည့် အရာရှိများနှင့် ထိတွေ့ခဲ့သည့် မြန်မာ့တပ်မတော်သင်တန်းသားအရာရှိများတွင် ရောဂါပိုးတွေ့ရှိရခြင်း မရှိ
Friday, May 15, 2020

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ သင်တန်းသားအရာရှိများအနက် သင်တန်းသား ၅ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ထပ်မံစစ်ဆေးမှုများအရ ၎င်းတို့ ၅ ဦးအနက် ၄ ဦးမှာ COVID-19 ရောဂါပိုး မတွေ့ရှိရ တော့ဘဲ ပျောက်ကင်းခဲ့ကြောင်း၊ ကျန် ၁ ဦးအား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထပ်မံရရှိသည့်သတင်းများအရ အဆိုပါသင်တန်းသား ၅ ဦးနှင့် ထိတွေ့ခဲ့သည့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ ၃ ဦးအား မော်စကိုမြို့ရှိ ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွင် ရုရှားကျန်းမာရေး ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၃ ဦးလုံးတွင် ရောဂါပိုး တွေ့ရှိခြင်းမရှိသဖြင့် မေ ၁၄ ရက်တွင် ဆေးရုံမှဆင်းပေးခဲ့ကြောင်း သိရှိရသည်။
ကျန်ရှိသည့် ရောဂါပိုးတွေ့ရှိရသူ အရာရှိ ၁ ဦးသည် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်းနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment