Sunday, May 10, 2020

မန္တလေးမြို့မှာ COVID-19 ဓာတ်ခွဲစစ်ဆေးမှု မကြာခင် စတင်ဆောင်ရွက်နိုင်တော့မည်

Image may contain: one or more people and people sitting

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊အလှူရှင်များအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန နဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့ ပူးပေါင်းကြိုးစားအားထုတ်မှုကြောင့် Covid -19 ဓာတ်ခွဲစစ်ဆေးမှုများကို မကြာခင်စတင်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

အခက်အခဲပေါင်းများစွာကိုကျော်လွှားခဲ့ရပါတယ်။ဓာတ်ခွဲခန်းအတွက် အဆောက်အဦနေရာရရှိရေး၊ ရရှိတဲ့ အဆောက်အဦကို စံသတ်မှတ်ချက်များနဲ့အညီပြုပြင်ခြင်း၊ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းများ နဲ့ အ ထောက်အကူပြု ပစ္စည်းများရှာဖွေဝယ်ယူစုဆောင်းခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများကို အမျိုးသားကျန်းမာ ရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ စေလွှတ်၍အတွေ့အကြုံများရယူစေခြင်း အပါအဝင် အဆင့်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတာပါ။
Real-time RT-PCR စက်ကို ပံ့ပိုးပေးသော ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန နဲ့ နည်းပညာပိုင်ဆိုင်ရာများကို ကူညီပေးသော အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့ကို ကျေးဇူးအထူးတင်ပါတယ်။
အဓိကအကျဆုံးနဲ့ အရေးအကြီးဆုံးကတော့ စေတနာပြတ်သားလွန်းတဲ့ အလှူရှင်များအဖွဲ့ပါ။
RT-PCR Center ပေါ်ပေါက်လာဖို့ လိုအပ်တာမှန်သမျှအားလုံးကို ရက်ရက်ရောရော လှူတဲ့အပြင် အလှူရှင်များကိုယ်တိုင် ဒုတိယစက်ပစ္စည်းတစ်စုံကို ထပ်မံမှာထားတာ မကြာခင်ရောက်လာပါမယ်။

COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးမှာ အဓိကအကျဆုံးက ဓာတ်ခွဲအတည်ပြုလူနာ စောလျှင်စွာ ရှာဖွေနိုင်မှုပါ။
များများရှာနိုင်ပြီး စောစောတွေ့ မှ ရောဂါထိန်းချုပ်မှုကို အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်မှာပါ။
Image may contain: one or more people and people standing
Image may contain: one or more people, tree, plant, car and outdoor
Image may contain: one or more people, people standing and outdoor

Source - Ye Lwin

0 comments:

Post a Comment