Sunday, May 10, 2020

COVID-19 ဒုတိယလှိုင်းစိုးရိမ်စိတ်ကြောင့် ဆိုးလ်မြို့က ဘားတွေနဲ့ကလပ်တွေပိတ်ဖို့အမိန့်ထုတ်

Image may contain: one or more people, people standing and outdoor

ထပ်တိုးအတည်ပြုလူနာတွေတွေ့ပြီး COVID-19 ကူးစက်မှုဒုတိယလှိုင်းကိုကြောက်နေကြချိန်မှာ တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်က ကလပ်တွေနဲ့ဘားတွေအားလုံးကိုပိတ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။

ဆိုးလ်က ညဘက်အပြင်ထွက်ရာမှာနာမည်ကြီးတဲ့ အီတေးဝန်ခရိုင်မှာ ကူးစက်မှုအသစ်တွေ ထပ်တွေ့ခဲ့ပြီးတဲ့နောက် စနေနေ့မှာ ဆိုးလ်မြို့တော်ဝန်က အခုလိုအမိန့်ထုတ်လိုက်တာပါ။ ပြီးခဲ့တဲ့ရုံးပိတ်ရက်တွေအတွင်း အီတေးဝန်က ကလပ်နဲ့ဘား ၅ ခုကိုသွားခဲ့တဲ့အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ယောက်မှာ ကူးစက်မှုတွေရှိခဲ့ပြီးတဲ့နောက် နောက်ထပ်လူ ၂ ဒါဇင်လောက်ထပ်ကူးစက်ခံထားရပါတယ်။
အဲဒီကလပ်နဲ့ဘား ၅ ခုလောက်ကိုသွားခဲ့တဲ့လူ ၇၂၀၀ လောက်ရှိတယ်လို့ခန့်မှန်းထားပြီး နောက်ထပ်ကူးစက်သူ မြင့်တက်လာနိုင်တယ်လို့လည်း ကျန်းမာရေးအာဏာပိုင်တွေက သတိပေးထားပါတယ်။ “ဂရုမစိုက်ရင် ကူးစက်မှုနှုန်းမြင့်တက်လာနိုင်ပါတယ်။ ဒီကလပ်နဲ့ဘား ၅ ခုကိုသွားခဲ့တဲ့လူတွေအနေနဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ရှေ့ထွက်လာပေးကြပါ။”လို့ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းကပြောပါတယ်။
ဒီနေ့ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်အတည်ပြုလူနာ ၃၄ ယောက်ထပ်တိုးလာပြီး ဒါဟာ ပြီးခဲ့တဲ့တစ်လအတွင်း အများဆုံးပမာဏဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အတည်ပြုလူနာ ၁၀၈၇၄ ယောက်ရှိပြီး သေဆုံးသူ ၂၅၆ ယောက်၊ ပြန်သက်သာလာသူ ၉၆၁၀ ယောက်ရှိပါတယ်။
စုစုပေါင်းစမ်းသပ်စစ်ဆေးမှု ၆၆၃၈၈၆ ခုလုပ်ထားပြီး ဒါဟာ လူ ၁ သန်းမှာ ၁၂၉၄၉ ယောက်ကို စစ်ဆေးထားတာဖြစ်ပါတယ်။
Ref ; The Fifth Wave News

0 comments:

Post a Comment