Friday, May 15, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များအတွက် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များပေးအပ်လှူဒါန်း

Image may contain: 3 people, people standing

ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များ အတွက် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် (ဆန်၊ ဆီ၊ ဆား၊ ပဲ) စားသောက်ကုန်များပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးဥက္ကဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များကို ပေးအပ်လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာ ရှင်များအတွက် လှူဒါန်းသည့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော Surgical mask ၂၀၀၀ ခု၊ Hand Gel ၆၀ ဘူး၊ Hand Wash ၆၀ ဘူးနှင့် စားသောက်ကုန်များဖြစ်သော ဆန် ၆၄ အိတ်၊ ဆီ ၁၁၂ ပိဿာ၊ ဆား ၉၈ ပိဿာနှင့် ပဲ ၁၆၈ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဌ ဦးအုန်းကြိုင်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ ဦးဖိုးချစ်တို့က လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်က သတင်းမီဒီယာများ နှင့် သဘင်ပညာရှင်များကိုယ်စား ကျေးဇူးတင်စကားပြောကြားရာတွင် ယနေ့အလှူသည် တပ်မတော်သားများ ချွေးနည်းစာဖြင့် ရရှိသောငွေကြေးကို လှူသည့်အလှူဖြစ်သည့်အတွက် မွန်မြတ်သည့်အလှူဖြစ်ပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါဆိုးကြီးကြောင့် အလုပ် အကိုင်များပျက်ပြီး စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များအတွက် စားရေးသောက်ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်(ဆန်၊ ဆီ၊ ဆား၊ ပဲ)အစရှိသည့် စားသောက်ကုန် ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ကူညီပေးလှူသည့်အတွက် တပ်မတော်အကြီးအကဲများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသား စု များအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာပြီး ပြည်သူများ အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရှေ့မှမားမားမတ်မတ် ရပ်တည်ကာ ကူညီဖြေရှင်းပေးခဲ့သည့် သမိုင်းအစဉ်အလာရှိပါကြောင်း၊ COVID-19 ရောဂါဆိုး ကြီး ကြုံတွေ့ရချိန်တွင် တပ်မတော်အနေဖြင့် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ပြီး ကူညီလှူဒါန်းမှုများတွေ့ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြေားကြားခဲ့ပါသည်။
ယင်းအပြင် COVID-19ရောဂါဆိုးကြီး၏ရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံးခံစားနေကြရပြီး၊ အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးများတွင်ပင် ခုခံကာကွယ်တားဆီးနိုင်ခြင်းမရှိဘဲ လူရာထောင်ချီ သေဆုံးနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုကဲ့သို့ ရောဂါဆိုးကြီး၏ဒဏ်ကို ဆိုးဆိုးရွားရွားမခံစားရဘဲ အစိုးရနှင့် တပ်မတော်၊ ပြည်သူများ အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြသဖြင့် အင်မတန်အားရကျေနပ်စရာ ကောင်းပါကြောင်း၊ မေလ ၆ ရက်နေ့က Southeast Asian Press Councils – Net အစည်းအဝေး ဆွေးနွေးပွဲတွင် COVID-19 ရောဂါကို အစိုးရ၊ တပ်မတော်၊ ပြည်သူတွေအားလုံး စုပေါင်းပြီး ကာကွယ်တားဆီးနိုင်သဖြင့် အာဆီယံနိုင်ငံများက မိမိတို့နိုင်ငံကို ချီးကျူးလေးစားကြသည်ဟု ပြောဆိုကြပါကြောင်း၊ အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ ပူးတွဲကြေညာချက် တစ်ရပ် ကို မကြာခင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါဆိုးဝင်လာသည့်အတွက်ကြောင့် သတင်းမီဒီယာသမားများ၊ သဘင်ပညာရှင်များ အကြပ်အတည်းနဲ့တွေ့ကြုံနေရသော ကာလဖြစ် ကြောင်း၊ ထိုအချိန်တွင် တပ်မတော်အနေဖြင့် ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် အင်မတန် ထိရောက်သည့်လှူဒါန်းမှုဖြစ်ပါကြောင်း၊ သတင်းမီဒီယာသမားများနှင့်အတူ သဘင်ပညာရှင် များကို တပ်မတော်က လှူဒါန်းခြင်းသည် ရှေးကတည်းက အစဉ်အလာ ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့သတင်းမီဒီယာသမားများ၊ သဘင်ပညာရှင်များအတွက် လှူဒါန်းပေးသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်မိသားစုများ ကျန်းမာချမ်းသာ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါရန် ဆုတောင်းအပ်ပါကြောင်းဖြင့် ဥက္ကဌ ဦးအုန်းကြိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
Image may contain: 1 person, standing
Image may contain: one or more people, people sitting, table and indoor
No photo description available.
Image may contain: one or more people, table and indoor
Image may contain: one or more people and people sitting
Image may contain: one or more people, table and indoor
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<
တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက သတင်းမီဒီယာများနှင့် သဘင် ပညာရှင်များအတွက် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များပေးအပ်လှူဒါန်း
Friday, May 15, 2020

ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များ အတွက် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအဆင်ပြေစေရန်အတွက် (ဆန်၊ ဆီ၊ ဆား၊ ပဲ) စားသောက်ကုန်များပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်၊ မြန်မာနိုင်ငံသဘင် အစည်းအရုံးဥက္ကဌ ဦးဖိုးချစ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ကုန်များကို ပေးအပ်လှူ ဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာ ရှင်များအတွက် လှူဒါန်းသည့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများဖြစ်သော Surgical mask ၂၀၀၀ ခု၊ Hand Gel ၆၀ ဘူး၊ Hand Wash ၆၀ ဘူးနှင့် စားသောက်ကုန်များဖြစ်သော ဆန် ၆၄ အိတ်၊ ဆီ ၁၁၂ ပိဿာ၊ ဆား ၉၈ ပိဿာနှင့် ပဲ ၁၆၈ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဌ ဦးအုန်းကြိုင်နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဌ ဦးဖိုးချစ်တို့က လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဌ ဦးအုန်းကြိုင်က သတင်းမီဒီယာများ နှင့် သဘင်ပညာရှင်များကိုယ်စား ကျေးဇူးတင်စကားပြောကြားရာတွင် ယနေ့အလှူသည် တပ်မတော်သားများ ချွေးနည်းစာဖြင့် ရရှိသောငွေကြေးကို လှူသည့်အလှူဖြစ်သည့်အတွက် မွန်မြတ်သည့်အလှူဖြစ်ပါကြောင်း၊ ယခုကဲ့သို့ COVID-19 ကပ်ရောဂါဆိုးကြီးကြောင့် အလုပ် အကိုင်များပျက်ပြီး စားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်နေချိန်တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက သတင်းမီဒီယာများနှင့် သဘင်ပညာရှင်များအတွက် စားရေးသောက်ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်(ဆန်၊ ဆီ၊ ဆား၊ ပဲ)အစရှိသည့် စားသောက်ကုန် ပစ္စည်းများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ကူညီပေးလှူသည့်အတွက် တပ်မတော်အကြီးအကဲများနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသား စု များအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာပြီး ပြည်သူများ အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ရှေ့မှမားမားမတ်မတ် ရပ်တည်ကာ ကူညီဖြေရှင်းပေးခဲ့သည့် သမိုင်းအစဉ်အလာရှိပါကြောင်း၊ COVID-19 ရောဂါဆိုး ကြီး ကြုံတွေ့ရချိန်တွင် တပ်မတော်အနေဖြင့် ပြည်သူတွေရှေ့က မားမားမတ်မတ် ရပ်တည်ပြီး ကူညီလှူဒါန်းမှုများတွေ့ရသည့်အတွက် ကျေးဇူးတင်ပါကြောင်း ပြေားကြားခဲ့ပါသည်။
ယင်းအပြင် COVID-19ရောဂါဆိုးကြီး၏ရိုက်ခတ်မှုဒဏ်ကို တစ်ကမ္ဘာလုံးခံစားနေကြရပြီး၊ အင်အားကြီး နိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ အင်္ဂလန်စတဲ့ နိုင်ငံကြီးများတွင်ပင် ခုခံကာကွယ်တားဆီးနိုင်ခြင်းမရှိဘဲ လူရာထောင်ချီ သေဆုံးနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ထိုကဲ့သို့ ရောဂါဆိုးကြီး၏ဒဏ်ကို ဆိုးဆိုးရွားရွားမခံစားရဘဲ အစိုးရနှင့် တပ်မတော်၊ ပြည်သူများ အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ကြသဖြင့် အင်မတန်အားရကျေနပ်စရာ ကောင်းပါကြောင်း၊ မေလ ၆ ရက်နေ့က Southeast Asian Press Councils – Net အစည်းအဝေး ဆွေးနွေးပွဲတွင် COVID-19 ရောဂါကို အစိုးရ၊ တပ်မတော်၊ ပြည်သူတွေအားလုံး စုပေါင်းပြီး ကာကွယ်တားဆီးနိုင်သဖြင့် အာဆီယံနိုင်ငံများက မိမိတို့နိုင်ငံကို ချီးကျူးလေးစားကြသည်ဟု ပြောဆိုကြပါကြောင်း၊ အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ ပူးတွဲကြေညာချက် တစ်ရပ် ကို မကြာခင် ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ COVID-19 ရောဂါဆိုးဝင်လာသည့်အတွက်ကြောင့် သတင်းမီဒီယာသမားများ၊ သဘင်ပညာရှင်များ အကြပ်အတည်းနဲ့တွေ့ကြုံနေရသော ကာလဖြစ် ကြောင်း၊ ထိုအချိန်တွင် တပ်မတော်အနေဖြင့် ကူညီထောက်ပံ့မှု၊ လှူဒါန်းမှုများသည် အင်မတန် ထိရောက်သည့်လှူဒါန်းမှုဖြစ်ပါကြောင်း၊ သတင်းမီဒီယာသမားများနှင့်အတူ သဘင်ပညာရှင် များကို တပ်မတော်က လှူဒါန်းခြင်းသည် ရှေးကတည်းက အစဉ်အလာ ရှိပါကြောင်း၊ ယခုကဲ့သို့ မိမိတို့သတင်းမီဒီယာသမားများ၊ သဘင်ပညာရှင်များအတွက် လှူဒါန်းပေးသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်မိသားစုများ ကျန်းမာချမ်းသာ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပြီး နိုင်ငံအကျိုး၊ ပြည်သူ့အကျိုး ဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါရန် ဆုတောင်းအပ်ပါကြောင်းဖြင့် ဥက္ကဌ ဦးအုန်းကြိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
crd-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

0 comments:

Post a Comment