Sunday, May 17, 2020

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိ၊ စုစုပေါင်း ၁၈၄ ဦး ရှိလာ

No photo description available.

၁။ ယနေ့ (၁၇-၅-၂၀၂၀) ရက်နေ့အတွက် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၀၀) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၁၈၆) ခု၊ စုစုပေါင်း (၃၈၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ -

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦးတွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ (၁၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၈၄) ဦးရှိပြီဖြစ်ပါသည်။
၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၂) ဦး (Case-146 နှင့် အမှတ် ၂ တပ်မတော်ဆေးရုံကြီး၊ ခုတင် (၁,၀၀၀) မှ Case-156) ရှိခဲ့သဖြင့် (၁၇-၅-၂၀၂၀) ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၉၇) ဦးရှိပါသည်။ ၎င်းတို့အနက် (၈၄) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွား အလာကန့်သတ်၍ ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။
၅။ (၁၆-၅-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၇-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၇၆) ဦး ရှိပါသည်။
No photo description available.
Image may contain: text
crd-Ministry of Health and Sports, Myanmar #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment