Sunday, May 10, 2020

COVID-19 လိမ်ပြောစွဲသွားသည့် အမေရိကန်နိုင်ငံရေးသမားအချို့ လိမ်ညာမှုကို ဆက်လက် မလုပ်နိုင်တော့


ဒေသ စံတော်ချိန် ယခုလ ၇ရက်နေ့က သြစတြေးလျနိုင်ငံ The Sydney Morning Herald သတင်းစာတွင် ထုတ်ပြန်သည့် “COVID-19ဗိုင်းရပ်စ်ဟာ ဝူဟန့် ဗိုင်းရပ်စ် သုတေသနဌာနမှလာခြင်းဖြစ်သည်ဟု အမေရိကန်မှအကြောင်းမဲ့သက်သက် ပြောဆိုခြင်းအပေါ် သြစတြေးလျဘက်မှ စိုးရိမ်”ဟူသော ဆောင်းပါးတစ်ပုဒ်၌ မကြာခင်က သြစတြေးလျမီဒီယာ ထုတ်ပြန်ခဲ့သော FIVE EYES ALLIANCE မှ ရရှိသည့် “COVID-19ဗိုင်းရပ်စ်ဟာ ဝူဟန့် ဗိုင်းရပ်စ် သုတေသနဌာနမှ လာခြင်း”ဟူသော လျှို့ဝှက်စာတမ်းသည် အမှန်တကယ်တော့ မီဒီယာထုတ်ပြန်ချက်များကို ဟိုဟာပေါင်းလိုက် ဒီဟာစပ်လိုက်နဲ့ လုပ်ဆောင်ရရှိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယခုလ ၇ရက်နေ့က ဂျာမနီနိုင်ငံ North German Broadcastingမှ ထုတ်ပြန်ချက်တွင် ဂျာမနီ ပြည်ထောင်စု ထောက်လှမ်းရေးဌာနသည် FIVE EYES ALLIANCEအဖွဲ့ဝင် နိုင်ငံများ၏ ထောက်လှမ်းရေးဌာနများကို သက်ဆိုင်ရာ မေးမြန်းချက်ထုတ်ပြီး FIVE EYES ALLIANCEအဖွဲ့ဝင် နိုင်ငံများက “၎င်းလျှို့ဝှက်စာတမ်းနှင့် ပတ်သက်၍ လုံးဝမသိကြောင်း” ဟု ဖြေကြားခဲ့ကြောင်း၊ ဂျာမနီ ကာကွယ်ရေး ဝန်ကြီး Annegret Kramp-Karrenbauer ထံသို့ တင်ပြသည့် စာတမ်းတစ်ခု၌ “COVID-19ဗိုင်းရပ်စ်ဟာ ဝူဟန့် ဗိုင်းရပ်စ် သုတေသနဌာနမှ လာခြင်း”ဟူသော အမေရိကန် အစိုးရမှ ပြောဆိုချက်၏ ရည်ရွယ်ချက်မှာ အာရုံစူးစိုက်မှုကို အာရုံ ပြောင်းပေးပြီး အမေရိကန် အစိုးရ၏ အမှားများကို ဖုံးကွယ်ကာ အပြစ်များကို တရုတ်ပြည် အပေါ် လွှဲချရန် ဖြစ်ကြောင်း ဖော်ပြသည်ဟု ၈ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဂျမနီ Der Spiegelတွင် ရေးသားဖော်ပြသည်။
အမေရိကန် သံတမန် အရာရှိသည် “COVID-19ဗိုင်းရပ်စ်ဟာ ဝူဟန့် ဗိုင်းရပ်စ် သုတေသနဌာနမှ လာခြင်း” ဟူသော ပြောဆိုချက်ကို သက်သေပြနိုင်သည့် အထောက်အထား လုံးဝမရှိ၍ FIVE EYES ALLIANCEမှ လျှို့ဝှက်စာတမ်းဟူသော သတင်းအတုကို လုပ်ခြင်း ဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ မဟာမိတ်အဖွဲ့ နိုင်ငံများမှ လိုက်ဖက်မှု မရှိသောကြောင့် အမေရိကန် အစိုးရသည် ၎င်းလိမ်ညာမှုကို ဆက်လက်မလုပ်နိုင်တော့ ကြောင်း China Media Groupက ဖော်ပြသည်။

COVID-19ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန် နိုင်ငံရေးသမားအချို့သည် ကြိမ်ဖန်များစွာ လိမ်ပြောပြီး နည်းလမ်းမျိုးစုံဖြင့် တရုတ်ပြည် အပေါ် အပြစ်လွှဲချကြောင်း၊ ဒိထက်မကဘဲ အမေရိကန်သည် အခြားနိုင်ငံများကို ၎င်းတို့၏ ကြံစည်ချက်တွင် ပါဝင်စေရန် လုပ်နေကြောင်း၊ အမေရိကန် နိုင်ငံရေးသမားအချို့သည် နိုင်ငံတကာ အာဘော်ပိုင်းတွင် လိမ်ညာမှု၊ သွေးထိုးလှုံ့ဆော်မှုနှင့် ဖျက်ဆီးမှုအများဆုံးသော ဆိုးရွားသည့် အင်အားတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။
Image may contain: 2 people, text
No photo description available.
Ref ; CRI Myanmar

0 comments:

Post a Comment