Sunday, May 17, 2020

နေပြည်တော်ရှိ COVID-19 ရောဂါဖြင့် ကုသမှုခံယူနေသော စစ်သည်အား နှစ်ကြိမ်ဆက်တိုက် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိရမှုမရှိ

No photo description available.

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော စစ်သည်တစ်ဦးတွင် ဓာတ်ခွဲအတည်ပြုချက်အရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း နှင့် ၎င်းစစ်သည်ကို တပ်မတော်မှ ကြိုတင်စီစဉ်ထားသည့် COVID-19 ရောဂါအထူးကုသရန် သတ်မှတ်ထားသောဆေးရုံ၌ ကုသမှုခံယူစေလျက်ရှိကြောင်းကို မေလ ၄ ရက်တွင် သတင်းထုတ် ပြန်ခဲ့ပြီးဖြစ်ပါသည်။

၎င်းစစ်သည်ကို လိုအပ်သည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး COVID-19 ရောဂါ ကုသမှုလုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ရောဂါပိုးတွေ့ရှိရသော အတည်ပြုကာလရက်မှ ၁၁ ရက် ပြည့်မြောက်ခဲ့သော မေလ ၁၅ ရက်နှင့် ၁၃ ရက် ပြည့်မြောက်ခဲ့သော ယနေ့(မေ ၁၇ ရက်)တို့တွင် ၎င်းစစ်သည်၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူ၍ နှစ်ကြိမ် ဆက်တိုက် ဓာတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုးမတွေ့ရှိ(မတွေ့ရှိ)ခဲ့ကြောင်းသိရှိရသည်။
၎င်းစစ်သည်ကို ရောဂါကုသမှုလုပ်ငန်းလမ်းညွန်ချက်များအတိုင်း သတ်မှတ်ထားသော ဆေးရုံတွင် မေလ ၁၈ ရက်မှစ၍ Hospital Quarantine ၁၄ ရက် ထပ်မံထားရှိ၍ စောင့်ကြည့်ကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News

>>zawgyi<<

0 comments:

Post a Comment