Tuesday, May 12, 2020

COVID-19 ကာလအတွင်း အလုပ်သမားအရေးလှုပ်ရှားသူအပါအဝင် အလုပ်သမား ၃၀ နီးပါး တရားစွဲခံထားရ

Image may contain: 1 person, sitting

COVID 19 ပြင်းထန်အဆုတ်ရောင်ရောဂါကာလအတွင်း အလုပ်သမားရေးရာလှုပ်ရှားမှုများကြောင့်တရားစွဲဆိုဖမ်းဆီးခြင်းခံရသောအလုပ်သမားများနှင့်အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူ ၃၀ ဝန်းကျင်အထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS အထွေထွေအတွင်းရေးမှုးဦးသက်နှင်းအောင်၏ပြောကြားချက်အရ သိရသည်။

"ဒီကာလအတွင်းမှာ တရားစွဲခံရသူနဲ့ ဖမ်းဆီးထောင်ချခံရသူ အလုပ်သမားရော အလုပ်သမားအရေးလှုပ်ရှားသူရောဆို ၃၀ဝန်းကျင်ရှိပါပြီ။ဘာဘဲပြောပြောဒါကျွန်တော်တို့အလုပ်သမားတွေကိုတစ်ဖက်သက်ဖိနှိပ်လာတဲ့ပုံစံဖြစ်တယ်။နောက်တစ်ခုကတော့ လက်ရှိအစိုးရရဲ့ညွှန်ကြားချက်တွေကို မလိုက်နာဘဲစက်ရုံဖွင့်နေတာတွေရှိတယ်။အလုပ်ရှင်တွေဘက်ကိုကြတော့ အစိုးရအနေနဲ့အရေးယူဆောင်ရွက်တာမျိုးမလုပ်ကြဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အလုပ်သမားနဲ့အလုပ်ရှင်ကြားမှာ မျှမျှတတလုပ်ဖို့ကိုလည်းကျွန်တော်တို့အနေနဲ့တောင်းဆိုသွားမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS အထွေထွေအတွင်းရေးမှုးဦးသက်နှင်းအောင်ကပြောပါတယ်။
COVID 19 ပြင်းထန်အဆုတ်ရောင်ရောဂါကာလအတွင်း အလုပ်သမားရေးရာလှုပ်ရှားမှုများကြောင့်တရားစွဲဆိုဖမ်းဆီးခြင်းခံရသောအလုပ်သမားများနှင့်အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်သူများကို
လိုအပ်သည်များကူညီထောက်ပံ့ပေးနိုင်ရန်အတွက်ဖမ်းဆီးခံအလုပ်သမားများ ကူညီပေးရေးအဖွဲ့ကို အဖွဲ့အစည်း၆ ခုဖြင့်ပူးပေါင်းဖွဲ့စည်းထားပြီး ထောင်ဝင်စာတွေ့ခြင်း၊ ဥပဒေရေးရာအဖွဲ့များနှင့်တိုင်ပင်၍ တရားရင်ဆိုင်သည့်အခါများတွင်လည်းကူညီသ့ားမည်ဖြစ်တယ်လို့ သိရပါတယ်။

"အစိုးရအနေနဲ့အလုပ်ရှင်အလုပ်သမားကိစ္စတွေကိုမျှမျှတတကိုင်တွယ်ဆောင်ရွက်ပေးရမှာပါ။အခုဆိုအချို့စက်ရုံက အလုပ်သမားတွေကိုလျော်ကြေး၊နစ်နာကြေးမပေးဘဲအလုပ်ထုတ်လိုက်တာတွေရှိတယ်။ကျွန်တော်တို့မှာပြသနာဘာရှိလာလဲဆိုရင်အလုပ်သမားတွေလမ်းပျောက်လာတယ်။ဆိုပါက ကျွန်တော်တို့တွေ ဆန္ဒပြသပိတ်မှောက်တဲ့အခါမှာ ပုဒ်မ-၁၈၈လိုဥပဒေတွေနဲ့တရားစွဲဆို ဖမ်းဆီးချက်ချင်းထောင်ချဆိုတဲ့အခါမှာ ကျွန်တော်တို့အလုပ်သမားတွေကအလုပ်ရှင်လုပ်သမျှကိုခေါင်းငုံ့ခံနေရသလိုဖြစ်လာတယ်။အလုပ်ရှင်ဘက်က ချိုးဖောက်တာတွေကြ မျက်နှာလွှဲပီး အလုပ်သမားတွေကိုတော့ဖမ်းဆီးထောင်ချနေတာဟာ ရှင်းရှင်းလင်းလင်းပြောရရင်မျက်နှာကြီးရာဟင်းဖက်ပါနေသလိုဘဲ"ဟုဦးသက်နှင်းအောင်ကပြောပါတယ်။
COVID-19ကာလအတွင်ဖမ်ဆီးခံအလုပ်သမားများကူညီပေးရေးအဖွဲ့ဖွဲ့စည်းတွင်ရာတွင် ပါဝင်သည့်အဖွဲ့အစည်းများမှာမြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS ၊ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊အလုပ်သမားဖွံဖြိုးတိုးတက်ရေးအဖွဲ့၊အနာဂါတ်အလင်းတန်းများဆုံမှတ် စတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ တရားစွဲဆိုခံရခြင်းနှင့်ဖမ်းဆီးထောင်ချခံရတဲ့ အလုပ်သမားနဲ့ဝန်းရံသူတွေကိုအကာအကွယ်ပေးသွားမယ်လို့ဆိုပါတယ်။
Crd : MyanmarLabourNews
Photo-MICS

0 comments:

Post a Comment