Thursday, May 7, 2020

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့ တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

Image may contain: one or more people, people standing, table and outdoor

Coronavirus Disease 2019 (COVID-19 ) ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့် ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌လက်ခံ၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံဆောင်ရွက်ပေးခဲ့ရာ ယနေ့တွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်း၌ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၄ ဦး၊ နယ်စပ်ဒေသမြို့များဖြစ်သည့် ချင်းရွှေဟော်နှင့် မူဆယ်မြို့တို့မှ ရောက်ရှိလာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးရောက်ရှိခဲ့ပြီး လှိုင်မြို့နယ်ရှိ စစ် ကြော ရေးနှင့်တည်းခိုရေးစခန်း၌ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၂၀ ဦး၊ နယ်စပ်ဒေသမြို့ဖြစ်သည့် မူဆယ်မြို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် (COVID-19 ) ရောဂါ နှင့် ပတ်သက်၍ စောင့်ကြည့် ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် စောင့်ကြပ်ကြည့်ရှု ထားသူ ၁၁ ဦးကို လည်းကောင်း၊ လှိုင်မြို့နယ် ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၂ ဦးကို လည်းကောင်း ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ် ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်းလက်မှတ်များနှင့် (COVID-19 ​​​​​​​) ရောဂါနှင့် ပတ်သက်၍ဆောင်ရန်ရှောင်ရန်စာရွက်စာတမ်းများကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။
ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၂၉၇ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၂၀၅ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ သီးသန့် စောင့်ကြည့်ရမည့်သူ များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ က သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
Image may contain: one or more people and hat
သတင်းစဉ်

0 comments:

Post a Comment