Sunday, May 10, 2020

ဥရောပသမဂ္ဂနှင့် ဆွစ်ဇလန်တို့မှထောက်ပံ့သည့် COVID-19 တိုက်ဖျက်ရေးအတွက် ပစ္စည်းများ ရန်ကုန်သို့ ပို့ဆောင်

Image may contain: one or more people and people standing

ယနေ့တွင် ဥရောပသမဂ္ဂနှင့် ဆွစ်ဇလန်တို့မှထောက်ပံ့သည့် ကယ်ဆယ်ရေးလေယာဥ်သည် COVID-19 ရောဂါ စမ်းသပ်စက် ကိရိယာ အခု၁၀၀၀၀ ၊ ကာကွယ်ရေးဝတ်စုံ(PPE) ၊ အဖျားတိုင်းစက်များနှင့် ရောဂါပိုးမွှား ပိုးသတ်ဆေးအရည်များကို ကွာလာလမ်ပူမြို့မှ ရန်ကုန်သို့သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။

COVID-19 ရောဂါ ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် မြန်မာနိုင်ငံ သို့ဝင်ရောက်မည့်လေယာဉ်များကိုယာယီ ဆိုင်းငံ့ ထားပါတယ်။ လိုအပ်တဲ့ ဆေးဝါးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဆက်လက် သယ်သူပို့ဆောင်နိုင်ရန်အတွက် WFP မှစီစဉ်သော လေယာဉ်များကို မလေးရှားမှမြန်မာသို့ပျံ သန်းနိုင်ရန် ဥရောပသမဂ္ဂနှင့် ဆွစ်ဇလန်တို့မှ ငွေကြေးထောက်ပံ့ပေးထားပါတယ်။ ဤလေယာဉ်များဟာ အသက်ကယ်ဆေးပစ္စည်းကိရိယာများကို ပုံမှန်လေကြောင်းလိုင်းများ ပြန်လည်စတင်သည်အထိ အပတ်စဉ် သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။
ဥရောပသမဂ္ဂ၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်အား တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေမှာ လက် ရှိကြုံတွေ့နေရတဲ့ ကျန်းမာရေး အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်တွေကိုတုံ့ပြန်ရန် Humanitarian Airbridge ကလည်း လိုအပ်သော ကုန်ပစ္စည်းနှင့်ဝန်ထမ်းများ ကိုလေကြောင်းလမ်းဖြင့်သယ်ယူပို့ဆောင်ပေးနိုင်ရန် သေချာစွာဆောင်ရွက်ပေးလျက်ရှိပါတယ်။
No photo description available.
Image may contain: one or more people, outdoor and closeup
Source - European Union in Myanmar

0 comments:

Post a Comment