
ဒီနေ့မနက် ၆နာရီက စတင်ခဲ့တဲ့ လှိုင်သာယာမြို့နယ်ကျန်းမာရေးစစ်ဆေးမှုအစီအစဉ်ဟာ ရပ်ကွက်အတွင်း ပြည်သူတွေကို စစ်ဆေးပြီးနောက်မှာ မနက် ၁၀နာရီဝန်းကျင်မှာတော့ ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်းတွေကို စတင်စစ်ဆေးနေပါပြီ။
ချန်းရိဖိနပ်စက်ရုံက ဝန်ထမ်း ၈၀၀၀ ကျော်ကို တပ်မတော်ဆေးအဖွဲ့ဝင် ၄၀ ကတာ ဝန်ယူစစ်ဆေးနေတာဖြစ်ပြီး သံသယလက္ခဏာရှိခဲ့သူတွေ့ရင် ကွာရင်တင်းစင်တာကိုပို့ဆောင်ပြီး ဆက်လက် စောင့်ကြည့်ကုသမယ်လို့သိရပါတယ်။ လှိုင်သာယာမြို့နယ်အတွင်းက ပြည်သူတွေ ကျန်းမာရေးစစ် ဆေးမှုအဖြစ် ရောဂါပိုးတွေ့ရှိထားတဲ့ ရပ်ကွက်(၃)ရပ်ကွက်က လူဦးရေ တစ်သိန်းခွဲနီးပါးကို စစ်ဆေးနေတာဖြစ်ပါတယ်။






Source - Duwun
0 comments:
Post a Comment