Thursday, May 7, 2020

ကရင်ပြည်နယ် COVID-19 စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

No photo description available.
ကရင်ပြည်နယ်အစိုးရအဖွဲ့သည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် Covid-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြည့်ခြင်း လုပ်ငန်းများအား နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင်လည်းကောင်း ၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း ၊ လူထုအခြေပြု စောင့်ကြည့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် (၅-၅-၂၀၂၀) ရက်နေ့တွင် သံတောင်ကြီးမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများ(Quarantine site)မှ ပေးပို့ထားသည့် ဓါတ်ခွဲနမူနာ ၁၀ ခု ၊ မေလ ၆ ရက်နေ့တွင် ဘားအံပြည်သူ့ဆေးရုံးမှ ပေးပို့ထားသော ဓါတ်ခွဲနမူနာ( ၃ )ခုနှင့် ဘားအံမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများမှ ပေးပို့ထားသော ဓါတ်ခွဲနမူနာ( ၃ )ခုတို့၏အဖြေမှာ ပိုးမတွေ့(Not Detected) ဖြစ်ပါကြောင်းကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။
ယခုအချိန်ထိ ကရင်ပြည်နယ်တွင် ပိုးတွေ့လူနာမရှိသေးသော်လည်း ရောဂါပိုးကူးစက်နိုင်ခြေများရှိနေပါသဖြင့် ပြည်သူများအနေဖြင့် COVID-19 ကူးစက်ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာကျင့်သုံးနေထိုင်ခြင်းအားဖြင့် ပူးပေါင်းပါဝင်ကူညီပေးကြပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။
Image may contain: text
No photo description available.
Source - ကရင်ပြည်နယ် အစိုးရအဖွဲ့ သတင်း

0 comments:

Post a Comment