Wednesday, May 13, 2020

Covid-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျောင်းများပြန်ဖွင့်မည့်ဆိုသော အတိုင်ပင်ခံ၏ ပြောကြားချက်အား ပညာရေးဝန်ထမ်းတစ်ဦးမှ အတိုင်ပင်ခံထံသို့မေတ္တာရပ်ခံချက်ရေးသား

Image may contain: 1 person

COVID-19 ကာကွယ်ဆေးပေါ်သည့်အချိန်အထိကျောင်းတွေက အမြဲပိတ်ထားလို့လည်းမရဘူး။ ကျောင်းတွေပြန်ဖွင့်ရမယ် ဖွင့်တဲ့အခါကျရင် ကလေးတွေကို ခွာခွာထားဖို့ဆိုရင် ဒီနိုင်ငံက ကျောင်းတွေက တစ်တန်းတစ်တန်းမှာဆိုရင် ကျောင်းသူကျောင်းသားတွေများတယ်။ များတဲ့အခါကျတော့ ကပ်ပြီးတော့ ထိုင်ကျတယ်။ အဲတာခွဲလိုက်မယ်ဆိုရင် ဘယ်နှတန်းပိုလွယ်မလဲ။ အရင်တုန်းက တစ်တန်းထဲမှာဝင်တဲ့ ကလေးတွေကို သုံးတန်းလောက်လိုမှာလား။ သုံးခန်းလောက်လိုမှာလား။ အဲတာဘယ်လောက်မြန်မြန် စီစဉ်နိုင်မလဲ။ ဒီဟာတွေ ဒီဟာတွေပေါ့နော်။ အားလုံးစဉ်းစားရတာပေါ့။ စဉ်းစားတဲ့အခါကျတော့ ရေတိုရေရှည်လည်း စဉ်းစားရတယ်။ နောက်ပြီးတော့ ဖြစ်နိုင်ခြေကိုလည်း ထည့်ပြီးတွက်ရတယ်။ ဒီကာကွယ်ဆေးက မြန်မြန်ရမှာ မဟုတ်ဘူးဆိုရင် ကျောင်းတွေကပြန်ဖွင့်ရမှာပဲ ကာကွယ်ဆေးပေါ်တဲ့ထိ ကျောင်းစောင့်ဖို့ဆိုတာတော့ မလွယ်ဘူး” ဟု ၎င်းကပြောဆိုသည်။

လက်ရှိတွင် COVID-19 ကာကွယ်ဆေးပေါ်ပေါက်ရန်အတွက် နိုင်ငံတော်တော်များက ကြိုးစားနေကြပြီး လာမည့် ၂လကျော်ကာလအတွင်းလူတွင် စမ်းသပ်ထိုးရန် လုပ်ဆောင်သည်ကို ကြားသိရကြောင်း၊ ထိုသို့ ကာ ကွယ်ဆေး မပေါ်ပေါက်သေးလျှင် လက်ရှိနေထိုင်နေသော ပုံစံသစ်ဖြင့် ဆက်လက်နေထိုင်သွားရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကဆက်လက်ပြောဆိုသည်။
“ အိမ်ကျဉ်းကျဉ်းထဲမှာနေရတယ်ဆိုရင် အိမ်ခန်းလေးတစ်ခန်း နှစ်ခန်းထဲမှာပဲနေရတယ်။ မိသားစုက ၄၊၅ ယောက်ရှိတယ်ဆိုရင် ခွာခွာနေလို့ ဘယ်လိုပြောမလဲ။ တစ်ယောက်ကနေပြီးတော့များ အပြင်မှာထွက်ပြီးတော့ အလုပ်လုပ်ရလို့ ရောဂါပိုးများရလာမလား စိုးရိမ်ပေမယ့်လည်း ဘယ်လိုလုပ် သက်သက်ကြီးသွားထားမလဲ။ နေရာမှမရှိဘဲ အဲလိုလက်တွေ့မကျတဲ့ဟာတွေလည်း ရှိပါတယ်။ လက်တွေ့ကျကျ ခွာခွာမနေနိုင်တဲ့ အခြေအနေမှာ ဘယ်လိုနေမလဲဆိုတာ အကြီးဆုံးစိန်ခေါ်မှုပဲ ဘယ်လိုပုံစံနဲ့ စီစဉ်မလည်းပေါ့။ ဈေးကဆိုရင် တစ်ခဏနော်။ အိမ်မှာနေရတာကကြာတယ်” ဟု ၎င်းကပြောဆိုသည်။
-
အတိုင်ပင်ခံက ကျောင်းတိုင်းမှာ ကျောင်းသားတွေပြည့်နေတယ်ဆိုတာလည်းသိတယ်။လိုအပ်ချက်တွေဖြည့်
ပေးရမှာလည်းသိတယ်။ ကျောင်းလည်းပြန်ဖွင့်ချင်တယ်။

ဒီတော့ ဘယ်အရာက အဓိကလဲ။ ဘယ်အရာက သာမညလဲ။ဒါလည်းသိမှာပါ။
(၁) လူဦးရေများလို့ SD အရနှစ်ချိန်ခွဲတက်မယ် ဆိုပါတော့ မူလကိုက နှစ်ချိန်ခွဲတက်ရတဲ့ ကျောင်း ဘယ်လိုသင်မလဲ။
(၂) တစ်ချိန်ထဲတက်ရတဲ့ကျောင်း နှစ်ချိန်ခွဲတက်လို့ရပါပြီတဲ့ ဘာသာစုံကိုနှစ်ယောက်၊သုံးယောက်တည်း သင်
နေရတဲ့ ကျောင်းဆို ဆရာအရင်ဖြည့်တင်ဖို့မလိုဘူးလား။

(၃) ဆရာတွေ ပြည့်စုံမက ပိုလျှံနေပါပြီတဲ့ နှစ်ချိန်ခွဲတဲ့အခါ ကလေးများလို့စာသင်ခန်းမလောက်ငရင် ပုံမှန်ကျောင်းဖွင့်ရက်အမီ အပ်ချလောင်း ‌ကျောင်းဆောင်သစ်ဆောက်နိုင်မလား။ဆောက်နိုင်ရင်ရော အရည် အသွေးမီပါ့မလား။
(၄) ကလေးတွေကို ကျောင်းဆင်း/တက်ကျန်းမာရေး စစ်ဆေးပေးဖို့အတွက်ကိုကျန်းမာရေးဌာနဝန်ထမ်း အလုံအလောက် ချပေးနိုင်မလား။တစ်ယောက်နှစ်ယောက်နဲ့ဆို စစ်‌ေဆးတာနဲ့ပဲ စာသင်ချိန် နည်းနိုင်တာမို့ အလုပ်မဖြစ်ပါဘူး။
(၅) ပုံမှန်ကျောင်းချိန်တောင် ဇွန်၊ဇူလိုင်ဆို ရာသီတုပ်ကွေးကြောင့် ကလေးတွေကျောင်းပျက်များလို့ ခေါ်ချိန်ဖြည့်ပေးရတာမို့ မိဘတွေရဲ့သံသယကြောင့် ကျန်းမာရေး ပြဿနာပေါ်လာတဲ့အခါတာဝန်ခံ‌ဖြေရှင်းပေးနိုင်ပါ့မလား။ကျွန်မတော့ မဖြေရှင်းပေးနိုင်ပါဘူး။
(၆) ကျောင်းစဖွင့်ရင် မိုးရာသီဖြစ်တဲ့အတွက် ကလေးအငယ်တွေကို မိဘတွေက အခန်းထိပို့ဆောင်တာမျိုးရှိ
ပါတယ်။ ဒါကလည်းကလေးရဲ့ပထမဆုံးနယ်မြေစိမ်းကို သူနဲ့အတူရင်းနှီးစေတာမို့ နှစ်ပါတ်လောက်က တားမြစ်လို့အဆင်မပြေပါဘူး။ကလေးမိဘချင်းရဲ့ကျန်းမာရေးအ‌‌ခြေနေကိုရောထည့်တွက်ရမယ်မဟုတ်လား။

( ၇) အားလုံး အဆင်သင့်ဖြစ်ပါပြီ ကလေး ဆိုတာ mask ကို အမြဲတပ်ထားမယ်လို့ အာမမခံနိုင်ပါဘူး။
Mask သိမ်းဖို့ ဆိုတာကလည်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။တစ်ရက်လုပ် တစ်ရက်စား မိဘဆိုပါစို့Mask တောင်ဝယ်ပေးဖို့ မနည်းအားထုတ်ရတယ်ဆို သိမ်းဆည်းဖို့အတွက်ပါအားထုတ်ရမယ်ဆို ဝန်မပိဘူးလား။

(၈) အခမဲ့ပညာရေးလို့ ကြွေးကြော်ထားတာမို့ သေချာတယ် mask ကိုလည်းအခမဲ့ဖြန့်ဝေနိုင်မှ ရေရှည်အတွက်ကောင်းမယ်။စိတ်ချရတယ်လို့တော့မပြောပါဘူး။ပြန်လျှော်လို့ရတာ ပေးရင်လည်း ဖြစ်သလိုလျှော်တာမျိုးဆို ပိုးမကင်းနိုင်းတာမို့ တစ်ယောက်ကစ Outbreak ဖြစ်လာမယ်ဆို ဘယ်သူကတာဝန်ခံမှာလဲ။
အပေါ်မှာရေးထားတဲ့အချက်တွေက ကလေးတွေ အတွက်တွေးထားတာ တွေချည်းပါပဲ ။ဆရာ၊ဆရာမတွေကလူကြီးတွေဆိုတော့ မတွေးတော့ပါဘူး။
ပြီးခဲ့တဲ့ရက်က mntv ကလာတဲ့ ပညာရေးဆွေးနွေးမှုလေးမှာ မိခင်တစ်ဦးကဘာပြောလဲဆိုတော့ ကာကွယ်ဆေးမပေါ်မချင်း သူ့ကလေးကို ကျောင်းကို မပို့နိုင်ပါဘူးတဲ့။သူ့က‌လေးအတွက်ကျန်းမာရေးလောက် ဘာမှ အရေးမကြီးပါဘူး တဲ့။
သူ မှန်တာပေါ့။ကိုယ်ဆိုလည်း မပို့ဘူး။"အာရောဂျ ပရမ လာဘ"ဆိုပြီး ဘုရားတောင်ဟောထားသေးတယ်မဟုတ်လား။
ဒါဆို မထားနဲ့ပေါ့။ထားတဲ့ကလေးတွေပဲသင်ပေးမယ်ဆိုရင် ဒီကလေးတွေက တန်းတူအခွင့်အရေးဆုံးရှုံးရမှာပေါ့။
နောက်တစ်ခု ဗီယက်နမ် နိုင်ငံမှာတော့ ကျောင်းတွေပြန်ဖွင့်နေပါပြီ။ဖွင့်မှာပေါ့ ကူးစက်သူရာကျော်နဲ့ အသေ အပျောက်မရှိဘဲ ခုထိတောင်ကူးစက်သူ အသစ်ကိုတစ်လဆိုတဲ့အချိန်ထိ မရှိဘူးလေ။ဖွင့်တယ်ဆိုပေမယ့် အားလုံးစနစ်တကျနဲ့သေချာပြင်ဆင်ပြီးမှ ဖွင့်တာ။
ကျောင်းအ‌ခြေအနေ၊မိဘအ‌ခြေအနေ၊ပြင်ဆင်ထားမှု၊ကျန်းမာရေးဝန်ထမ်း၊အားလုံးက ရောဂါကင်းစင်နိုင်တဲ့ အနေအထားတွေချည်းပဲဆိုတာ ကျွန်မကိုယ်တိုင်သတင်းမှာကြည့်လို့သိတာပါ။
ဒီလို အခြားနိုင်ငံကဖွင့်လို့ ဖွင့်တာမျိုးဆို ဒီမှာက အ‌ေခြနေအားလုံး လုံးဝမတူဘူးဆိုတာ သိကြမှာပါ။
အိမ်ကျဉ်းလေးထဲ မိသားစုတွေ ပြွတ်သိပ်ပြီးနေလို့ ကလေးကိုကူး ကလေးကကျောင်းကိုလာ ရာသီအဖျားနဲ့ ဆင်တူလို့ ပေါ့ဆမိရင် သွားမှာပဲ။
Silent အခြေအနေဆိုတာ နေရာတိုင်းမှာရှိနေနိုင်ပါတယ်။
ကျွန်မက ဆရာမတစ်ယောက်မို့ စာသင်နှစ်တစ်နှစ်ကို ကလေးတွေအဖို့ကုန်ဆံုးသွားမှာထက် ကုန်ရှုံးသွားမှာ မလိုလားလို့ပါ။ကျွန်မလို အတွေးတူနိုင်တဲ့အခြားဆရာတွေလည်းရှိကြမယ်လို့ ထင်ပါတယ်။အတိုင်ပင်ခံလောက်လည်း ကျွန်မဉာဏ်မကျယ်တာမို့ အတွေးတိမ်တယ်လို့မြင်တဲ့သူလည်းရှိကြမှာပါ။
အတိုင်ပင်ခံပြောသလို လက်တွေ့ကျကျခပ်ခွာခွာမနေနိုင်တဲ့ အခြေအနေမျိုးမှာကျောင်းတွေပြန်ဖွင့်ဖို့ တာမစူစေချင်တာဟာ ကျွန်မတစ်ယောက်တည်းရဲ့မေတ္တာရပ်ခံချက်ပါ။
ဟုတ်ကဲ့>>>ကျွန်မမြသားသွင်ပါရှင်။
Image may contain: 1 person, standing
Source - ဆရာမလေးမြသားသွင်

0 comments:

Post a Comment