Friday, May 15, 2020

ဂျာမနီတွင် COVID-19 ကာလအတွင်း အိမ်ခြေရာခြေမဲ့သူများအတွက် အစားအသောက်များ ချိတ်ဆွဲ လှူဒါန်း

Image may contain: one or more people and outdoor
COVID-19 ကာလအတွင်း အိမ်တွင်နေထိုင်ရန် အမိန့်ထုတ်ထားရာတွင် အိမ်ခြေရာခြေမဲ့သူများအတွက် အစားအသောက်များကို ဂျာမန်ပြည်သူတို့က နေရာအချို့တွင် ချိတ်ဆွဲ၍ လှူဒါန်းထားကြသည်။ဂျာမနီနိုင်ငံတွင်း ဒေသအတော်များများတွင် ထိုသို့လှူဒါန်းထားကြခြင်းဖြစ်ကာ များသောအားဖြင့် ခြံစည်းရိုးကဲ့သို့သော နေရာများဝယ် အစားအသောက်များကို အိပ်ဖြင့် ချိတ်ဆွဲပေးထားကြခြင်းဖြစ်သည်။ အထူးသဖြင့် CCTV ကင်မရာမရှိသော နေရာများတွင် ထိုသို့ချိတ်ဆွဲထားကြသည်။ ဒေသခံပြည်သူများက လှူဒါန်းထားကြခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံတွင် အိမ်ခြေရာခြေမဲ့သူများ ထောင်သောင်းချီ၍ ရှိကြရာ၊ အိမ်ပြင်မထွက်ရအမိန့်ထုတ်ထားသည့် ကာလများဝယ် ဆိုင်များလည်းပိတ်ထားကြသဖြင့် အိမ်ခြေရာခြေမဲ့သူတို့ စားရေးသောက်ရေး အ ဆင်ပြေစေရန် ပြည်သူများက ထိုသို့ စီစဉ်လှူဒါန်းကြခြင်းဖြစ်သည်။ အချို့နေရာများဝယ် အဝတ်အစား အသုံးအဆောင်များကိုပါ ချိတ်ဆွဲလှူဒါန်းပေးထားကြသည်။ သို့လှူဒါန်းမှုများပြုလုပ်ထားကြသည်မှာ မတ် လအတွင်းကတည်းကပင်ဖြစ်သည်။
Image may contain: 1 person
Ref ; Cele Channel

0 comments:

Post a Comment