Wednesday, May 13, 2020

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အသက် ၂၈ နှစ်အရွယ် ဂျပန် ဆူမိုနပမ်းသမား သေဆုံး

Image may contain: 1 person, closeup and outdoor
ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် အသက် ၂၈ နှစ်အရွယ်ရှိ ဂျပန် ဆူမိုနပမ်းသမားတစ်ဦးသည် ကိုယ်တွင်းအစိတ်အ ပိုင်းများ ပျက်စီးပြီး ယမန်နေ့(မေ ၁၃) နံနက်ပိုင်း သေဆုံးခဲ့ကြောင်း ဂျပန်ဆူမိုအစည်းအရုံးမှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျပန် ဆူမိုနပမ်းသမားသည် ပြိုင်ပွဲဝင်ရာတွင် ရှိုဘူရှီ ဟူသည့်အမည်ဖြင့် ပြိုင်ပွဲဝင်ပြီး အမည်ရင်း ကီယိုတာကာ ဆူအိတာကီ သည် COVID-19 ကြောင့် သေဆုံးသော ပထမဆုံး ဆူမိုနပမ်းသမားဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံတစ်ဝန်းတွင် COVID-19 ကြောင့် ပထမဆုံးသေဆုံးသော အသက် ၂၀ ကျော် အရွယ်လူငယ်လည်းဖြစ်သည်။
သူသည် ဆီးချိုရောဂါအခံရှိပြီး ဧပြီလ ၈ ရက်နေ့က ကိုယ်အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ကာ၊ နောက်ပိုင်းတွင် ချောင်းဆိုးရာဝယ် သွေးပါလာသဖြင့် ဒေသဆိုင်ရာ ကျန်းမာရေးဌာနသို့သွားရောက်ပြသခဲ့သည်။ ဧပြီ ၁၀ ရက်နေ့တွင် COVID-19 အတည်ပြုလူနာအဖြစ် ကြေညာခဲ့သည်။ အခြေအနေ ဆိုးရွားလာသဖြင့် ဧပြီ ၁၉ ရက်တွင် အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်ကုသလျှက်ရှိရာမှ မေလ ၁၃ ရက်နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ဆူမိုအစည်းအရုံးမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Image may contain: 1 person, standing
Source: Kyodo News
Ref: 28-year-old sumo wrestler dies after coronavirus infection
Crd : Popular

0 comments:

Post a Comment