Wednesday, May 13, 2020

Covid-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကယားပြည်နယ်အစိုးရ၏ ပြည်သူသို့ အသိပေးအကြောင်းကြားခြင်း

Image may contain: outdoor

ကယားပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “မဖြစ်မနေ Mask တပ်ဆင်ရေး” ဟူသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အောက်ပါအချက်များ လိုက်နာ ဆောင်ရွက်နိုင်ရေး ကြတ်မတ်သွားရန် နှင့် လိုက်နာခြင်းမရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား အကြောင်းကြားထားရှိမှုကို အသိပေးအပ်ပါသည်-

(က) ပြည်သူများ မိမိအိမ်အတွင်းမှ အပြင်သွားလာမှုတွင် Mask တပ်ဆင်သွားလာစေရေးနှင့် တပ်ဆင်ထားခြင်း မရှိပါက Mask (၂)ခုကို (၁၀၀၀) ကျပ်ဖြင့် ဝယ်ယူပြီး ၊ တပ်ဆင်အသုံးပြုစေရေး (၁၄-၅-၂၀၂၀)ရက်နေ့မှ (၁၅-၅-၂၀၂၀)ရက်နေ့အထိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် (၁၆-၅-၂၀၂၀) ရက်နေ့မှစ၍ သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်၊
(ခ) စားသောက်ဆိုင်များနှင့် ဈေးဆိုင်များသို့ လာရောက် ဝယ်ယူသူများအနေဖြင့် Mask တပ်ဆင်ထားခြင်းမရှိပါက ဆိုင်များအနေဖြင့် လာရောက် ဝယ်ယူသူများအား ဦးစွာ Mask တပ်ဆင်နိုင်ရေး အတွက် မေတ္တာရပ်ခံ ပြောကြားသွားရန်နှင့် လာရောက် ဝယ်ယူသူများအနေဖြင့် Mask များအား အလွယ်တကူ ဝယ်ယူနိုင်ရေး ဆိုင်များတွင်လည်း Mask များရောင်းသွားနိုင်ရေး စီစဉ်ဆောင်ရွက်ကြပ်မတ်သွားရန်၊
(ဂ) အများပြည်သူနှင့် ဆက်စပ်၍ လုပ်ငန်း ဆောင်ရွက်လျက် ရှိသော စီးပွားရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ တည်ဆောက်ရေး လုပ်ငန်းများ၊ ဘဏ်များအနေဖြင့်လည်း ဝန်ထမ်းများ၊ အလုပ်သမားများ၊ လာရောက် ဆောင်ရွက်သူများ အားလုံးအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် “မဖြစ်မနေ Mask တပ်ဆင် ရေး"ဟူသေးသော ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်အား အလေးထား လိုက်နာနိုင်ရေး မေတ္တာရပ်ခံအသိပညာပေး ဆောင်ရွက်သွားရန်၊

Ref ; The Ladies News

0 comments:

Post a Comment