Tuesday, May 12, 2020

ထိုင်းနိုင်ငံတွင် COVID -19 ကူးစက်ဖြစ်ပွားမှုအသစ် ၂ ခုထပ်မံတွေ့ရှိရပြီး ထပ်မံသေဆုံးမှုမရှိကြောင်း သိရ

Image may contain: one or more people and people standing

ထိုင်းနိုင်ငံတွင် မေလ ၁၂ ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါထပ်မံကူးစက်ခံရမှု ၂ခုရှိပြီး သေဆုံးမှုအသစ်မရှိကြောင်းထုတ်ပြန်ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ရောဂါစတင်ပျံ့နှံ့ခဲ့သည့် ဇန်နဝါရီလမှစ၍ ရောဂါကူးစက်ခံရမှုပေါင်း ၃,၀၁၇ ရှိပြီး သေဆုံးမှု ၅၆ ခုရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါသည်။
ကူးစက်ခံရမှုအသစ်နှစ်ခုအနက် တစ်ခုမှာ ဘန်ကောက်မှ အသက် ၁၉နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ကျန်တစ်ခုမှာ Narathiwat ပြည်နယ်တောင်ပိုင်းမှ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပါသည်။ ၎င်းတိုနှစ်ဦးလုံးသည် ယခင်ရောဂါကူးစက်ခံရသူနှင့်ထိတွေ့မှုမှတဆင့် ကူးစက်ခံခဲ့ရကြောင်း အစိုးရ၏ COVID -19 အခြေအနေစီမံခန့်ခွဲရေးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Wisanuyothin မှ ပြောခဲ့ပါသည်။
လွန်ခဲ့သောနှစ်ပတ်တွင်ဖြစ်ပွားခဲ့သော case များမှာ Songkhla ပြည်နယ် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတစ်ခုအပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်းမှဖြစ် ကြောင်း Taweesin Wisanuyothin မှ ပြောခဲ့ပါသည်။
Image may contain: one or more people and outdoor
Source : channelnewsasia
Thailand reports 2 new COVID-19 cases, no new deaths

0 comments:

Post a Comment