Friday, May 15, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

Image may contain: one or more people, people standing and outdoor

တပ်မတော်မှ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့၊ ခေါ်ဘူဒဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်၊ မိုင်းရယ်နှင့် ဟိုပန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ အီနိုင်း၊ နာနန်းနှင့် သံလွင်ကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နှင့် မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့၊ ကာလိမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ပြည်သူ့ဆေးရုံ၊ တနင်္သာရီမြို့၊ အရှေ့မော်တုန်း ကျေးရွာနှင့် သိန္ဓောကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ များ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ထန်းတပင်မြို့၊ သဲကုန်းမြို့၊ အင်းမမြို့၊ ရွှေတောင်မြို့နှင့် ကျောက်ကြီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Maskများ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ Hand Gel များ၊Hand Washများ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ မျက်မှန် (Goggles) များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer များ၊ Non Touch Thermometer များ၊ Hand Sanitizer များ၊ ရေမလိုလက်သန့်ဆေးရည်များ၊ ဆေးပစ္စည်းတင်စင်များ၊ စက်ဘီးများ၊ ရေခဲသေတ္တာ များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Image may contain: one or more people and people standing

>>zawgyi<<
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း
Friday, May 15, 2020

တပ်မတော်မှ မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့၊ ခေါ်ဘူဒဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်၊ မိုင်းရယ်နှင့် ဟိုပန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ အီနိုင်း၊ နာနန်းနှင့် သံလွင်ကျေးလက် ကျန်းမာရေးဌာနများ၌လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နှင့် မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့၊ ကာလိမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ပြည်သူ့ဆေးရုံ၊ တနင်္သာရီမြို့၊ အရှေ့မော်တုန်း ကျေးရွာနှင့် သိန္ဓောကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ များ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ထန်းတပင်မြို့၊ သဲကုန်းမြို့၊ အင်းမမြို့၊ ရွှေတောင်မြို့နှင့် ကျောက်ကြီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Maskများ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ Hand Gel များ၊Hand Washများ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ မျက်မှန် (Goggles) များ၊ Pulse Oxymeter (Finger Tip) များ၊ Non- Contact Infrared Thermometer များ၊ Non Touch Thermometer များ၊ Hand Sanitizer များ၊ ရေမလိုလက်သန့်ဆေးရည်များ၊ ဆေးပစ္စည်းတင်စင်များ၊ စက်ဘီးများ၊ ရေခဲသေတ္တာ များကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။
ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment