Saturday, May 9, 2020

အင်းစိန်မြို့နယ် ရပ်ကွက် ၄ ခုကို ကျန်းမာရေးစစ်ဆေးရာ သံသယလူနာများအားလုံး Covid-19 ရောဂါမတွေ့ရှိ

Image may contain: 2 people, people sitting
အင်းစိန်မြို့နယ်၌ ၆-၅-၂၀၂၀ ရက်နေ့က အဓိကရပ်ကွက် (၄)ခုကို ကျန်းမာရေးစစ်တမ်းကောက်ယူခဲ့ရာ ထူးခြားလက္ခဏာရှိသူ ၁၆ဦးကို Quarantine center သို့ပို့ခဲ့ပြီး ဓါတ်ခွဲအဖြေရယူခဲ့ပါသည်။

ထို့ပြင်အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရသူ ၃ ဦးရှိပြီး ၎င်းတို့အနက် ၂ ဦးမှာ သာမန်ဖျားနာအဆင့်သာရှိသဖြင့် ဆေးရုံမှ အိမ်ပြန်ခွင့်ရခဲ့ပါသည်။ ကျန်တစ်ဦးကိုသာ ဓါတ်ခွဲအဖြေရယူခဲ့ပါသည်။
အဆိုပါနေ့က ဓါတ်ခွဲအဖြေရယူပြီး စစ်ဆေးခဲ့သူအားလုံးကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ပါကြောင်း မင်္ဂလာသတင်းအား အသိပေးအပ်ပါသည်။
Source - Wai Phyo Han

0 comments:

Post a Comment